ကေအဲန်ယူနယ်မြေမှ တစ်ပိုင်တစ်နိုင် နိုင်ငံခြားဝက်များကို မွေးမြူ

ကေအဲန်ယူနယ်မြေမှ တစ်ပိုင်တစ်နိုင် နိုင်ငံခြားဝက်များကို မွေးမြူ

နိုဝင်ဘာလ ၁၂ ရက်၊ ၂၀၂၂ ခုနှစ်။ ကေအိုင်စီ

ကရင်ပြည်နယ်၊ ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံးထိန်းချုပ်နယ်မြေရှိ ဖားအံခရိုင်၊ နဘူးမြို့နယ်တွင် ဒေသခံအချို့က တစ်ပိုင်တစ်နိုင်ဖြင့် နိုင်ငံခြားဝက်များကို မွေးမြူနေကြသည်ကို တွေ့ရှိရပါသည်။

အဆိုပါ ဝက်မျိုးများသည် နိုင်ငံမှ ဝက်မျိုးများဖြစ်ကြပြီး အစာများလည်း စက်မှုထုတ်မွေးမြူရေးအစာများ ဖြစ်ကြသည်။ မွေးမြူရေးအစာဖြင့်သီးသန့် မွေးမြူခဲ့သော်လည်း အစာဈေးနှုန်းမြင့်တက်လာမှုကြောင့် ဒေသခံမွေးမြူရေးသူများအတွက် တွက်ခြေမကိုက် ဖြစ်နေကြသည်။

ထို့ကြောင့် ဝက်အစာဈေးနှုန်းမြင့်တက်လာသဖြင့် အရှုံးဖြစ်ပေါ်ကာ တစ်ပိုင်တစ်နိုင် အချို့ဝက်မွေးသူများက ရပ်နားထားရမှုများလည်း ရှိလာသည်။

ဝက်မွေးမြူသူအနည်းငယ်သာ ဆက်လက်မွေးမြူကြပြီး စက်မှုထုတ်အစာနှင့် ဒေသထွက်အစာများဖြစ်ကြသည့် ဖွဲနု၊ ဆန်ကွဲများဖြင့် ပြန်လည်ရောစပ်မွေးမြူလာကို တွေ့ရသည်။

ယခုလို ဒေသထွက်အစာများနှင့်ရောစပ်ပြီး ပြန်လည်မွေးမြူလိုက်သည့်အတွက် အရှုံးမရှိသော်လည်း အကျိုးအမြတ်ရရှိမှု အလွန်နည်းပါးသည်ဟု သိရသည်။

ဈေးကွက်အရ ဝယ်လိုအားရှိနေပြီးအကျိုးအမြတ်ပိုမိုရရှိစေရန်အတွက် ဝက်ကောင်ရေ ပိုမိုတိုးပြီး မွေးမြူချင်သော်လည်း ဒေသအတွင်း တိုက်ပွဲဖြစ်ပွားလာမှုများ၊ နိုင်ငံရေးမတည်ငြိမ်မှုများ ပိုမိုဆိုးဝါးလာမည်ကို ဒေသခံ ဝက်မွေးမြူသူများက စိုးရိမ်မကင်း ဖြစ်နေကြသည်ဟု ဒေသခံ ဝက်မွေးသူများက ပြောသည်။

Leave a Reply

Your email address will not be published. Required fields are marked *