ဦးခေါင်းမပါဘဲ တစ်ပတ်လောက် အသက်ရှင်နိုင်တဲ့ ပိုးဟပ်များ

ဦးခေါင်းမပါဘဲ တစ်ပတ်လောက် အသက်ရှင်နိုင်တဲ့ ပိုးဟပ်များ

ကျွန်တော်တို့ လူသားတွေပဲဖြစ်ဖြစ် တိရစ္ဆာန်တွေပဲဖြစ်ဖြစ် အားလုံးဟာ ခန္ဓာကိုယ်ရဲ့ အရေးကြီးဆုံးအစိတ်အပိုင်းတွေထဲက တစ်ခုဖြစ်တဲ့ ဦးခေါင်းမပါဘဲ အသက်မရှိနိုင်ကြပါဘူး။

ဒါပေမယ့် ပိုးဟပ်တွေအတွက်တော့ လုံးဝကွဲပြားသွားပါပြီ။ပညာရှင်တွေရဲ့ လေ့လာချက်တွေအရ ပိုးဟပ်တစ်ကောင်ဟာ ခန္ဓာကိုယ်ပေါ်မှာ ဦးခေါင်းမပါဘဲနဲ့ တစ်ပတ်လောက်အထိ အသက်ရှင်နိုင်ကြပါတယ်။

ကျွန်တော်တို့ လူသား ဒါမဟုတ် အခြားတိရစ္ဆာန်တွေမှာ အသက်ရှုဖို့အတွက် အပေါက်က တစ်ပေါက်ပဲပါကြပေမယ့် ပိုးဟပ်တွေမှာတော့ သူတို့ရဲ့ ခန္ဓာကိုယ်အစိတ်အပိုင်းတစ်ခုစီမှာ သေးငယ်တဲ့ အပေါက်လေးတွေပါတာဖြစ်လို့ အသက်ရှုဖို့တွက် ပါးစမ် ၊

ဦးခေါင်း မရှိလည်းရပါတယ်။ဒါပေမယ့် သူတို့ရဲ့ ပါးစပ်က ရေကို သောက်သုံးဖို့ လိုအပ်တာကြောင့် တစ်ပတ်လောက်မှာ ရေငတ်ရင် နောက်ဆုံးမှာ သေဆုံးကြရမှာပါ။

အစာမစားဘဲပဲ တစ်လထိ အသက်ရှင်နိုင်ပေမယ့် ရေမသောက်ရရင်တော့ မသက်မရှင်နိုင်ပါဘူး။ ပိုးဟပ်တွေဟာ ဦးခေါင်းမပါဘဲ အသက်ရှင်နေထိုင်နိုင်တဲ့ စွမ်းရည်အပြင် ရှင်သန်မှုနည်းဗျူဟာက ပိုပြီး စိတ်ဝင်စားစရာကောင်းပါတယ်။

ဥပမာ – ပိုးဟပ်များဟာ မိနစ် ၄၀ ကြာ အသက်အောင့်နိုင်ပါတယ်။ တကယ်လို့ ရေထဲကျသွားလို့ ရေနစ်သွားတဲ့ အချိန်အခါမျိုးတွေမှာဆိုရင် မိနစ် ၃၀ အထိပင် ရှင်သန်နိုင်ကြပါတယ်။ ပြီးတော့ သူတို့က တစ်နာရီလျှင် သုံးမိုင်အထိ ပြေးနိုင်ပါတယ်။

ဆိုလိုတာကတော့ လူတစ်ဦး လမ်းလျှောက်နိုင်သလောက် မြန်ကြတာပါ။ မည်သို့ပင်စေကာမူ ပိုးဟပ်တွေက ကျွန်တော်တို့ လူသားတွေအတွက်တော့ စိတ်ရှုပ်စရာပါ။ ပြီးတော့ ကျန်းမာရေး ရှုထောင့်က ကြည့်မယ်ဆိုရင်လည်း သူတို့ကနေ ရောဂါပိုးမွှားများ အလွန်လျင်မြန်စွာ ကူးစက်နိုင်ပြီး ဖျားနာတာတွေ ၊ ပန်းနာရင်ကျပ်တဲ့ ရောဂါလက္ခဏာများလည်း ဖြစ်စေနိုင်ပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *