ရန်ကုန်မြို့ လူလယ်ခေါင်က မြေညီထပ်မှာ လူ ၄ ဦးက ဓ ားပြတို က်ပြီး ကျပ် သိန်း ၃၀၀ ယူသွား

ရန်ကုန်မြို့ လူလယ်ခေါင်က မြေညီထပ်မှာ လူ ၄ ဦးက ဓ ားပြတို က်ပြီး ကျပ် သိန်း ၃၀၀ ယူသွား
နိုဝင်ဘာ ၁၃
ရန်ကုန်မြို့ သိမ်ဖြူလမ်းက ရဲမင်းအောင် အမည်ရှိ နိုင်ငံခြားငွေ လဲလှယ်သည့် Money Changer ကို လူ ၄ ဦးက ဓာ းပြတို က်ပြီး ကျပ် သိန်း ၃၀၀ ပါသွားတယ်လို့ ကနဦးသတင်းများအရ သိရပါတယ်။
ဖြစ်စဉ်မှာ နိုဝင်ဘာ ၁၂ ရက်နေ့ ညနေပိုင်းက ရန်ကုန်တိုင်း မင်္ဂလာတောင်ညွန့်မြို့နယ်၊ ဖို့မြေရပ်ကွက်၊ သိမ်ဖြူလမ်း၊အမှတ် (၅၀၀) မြေညီထပ်ရှိ ရဲမင်းအောင် Money Changer ကို လူလေးဦးက သေန တ်ပြခြိ မ်းခြောက်ပြီး ကျပ်သိန်း ၃၀၀ လုယူသွားတာ ဖြစ်ပါတယ်။
ဆိုင်တွင်မန်နေဂျာနှင့် ဝန်ထမ်းလေးဦးရှိနေစဉ် ကယ်လ်ဒီနာအဖြူရောင်ကားဖြင့် လူငါးဦးရောက်လာပြီး ကားပေါ်မှ လူ လေးယောက်ဆင်း လာကာ ဆိုင်အတွင်းဝင်ပြီး ပစ္စတိုသေန တ်နှစ်လက်ချိန်ရွယ်ပြီး ငွေများထုတ်ပေးရန် ခြိ မ်းခြောက်ခဲ့ခြင်းဖြစ်တယ်လို့ သိရပါတယ်။
မန်နေဂျာက မပေးသဖြင့် သေန တ်ဖြင့်ပစ် သော်လည်းကျည်ထွက်ခြင်းမရှိခဲ့တာကြောင့် ၊ လုယက်သူများသည်ကောင်တာမှန်ကိုခွဲကာ ကျပ်သိန်း ၃၀၀ နှင့်i phone တစ်လုံးကိုလုယူပြီး ယင်းတို့ပါလာသည့် ကားဖြင့် ပြန်လည်ထွက်ခွာသွားတယ်လို့ သိရပါတယ်။
ယင်းတို့ ဆိုင်မှပြန်အထွက်တွင် ပစ္စတိုတ စ်လက်၊ ကျည်အိမ်တစ်ခုနှင့် ကျည် ၉ တောင့်ကျ ကျန်ခဲ့ကြောင်းသတင်းရ၊ပြစ်မှုကျူးလွန်သူတရားခံများအားအမြန်ဆုံးဖမ်းဆီးရမိရေးဆက်လက်ဆောင်ရွက်လျှက်ရှိကြောင်း သိရပါတယ်။
Ref MyanmaPlatform