ဘန်ကောက်မှာ တံတားပေါ်က ခုန်ချဖို့လုပ်နေတဲ့ မြန်မာတစ်ဦးကို ထိုင်းရဲတွေက လက်အုပ်ချီ၍ ကယ်ဆယ်

ဘန်ကောက်မှာ တံတားပေါ်က ခုန်ချဖို့လုပ်နေတဲ့ မြန်မာတစ်ဦးကို ထိုင်းရဲတွေက လက်အုပ်ချီ၍ ကယ်ဆယ်
.
နိုဝင်ဘာ ၁၄
ထိုင်းနိုင်ငံ ဘန်ကောက်မှာ တံတားပေါ်က ခုန်ချဖို့လုပ်နေတဲ့ မြန်မာတစ်ဦးကို ထိုင်းရဲတွေက ကယ်ဆယ်လိုက်ကြောင်း ထိုင်းအခြေစိုက် သတင်းတွေမှာ ဖော်ပြထား ပါတယ်။
အသက် ၃၀ နှစ်အရွယ်ရှိ မြန်မာနိုင်ငံသား ၁ ဦးသည် နိုဝင်ဘာ ၁၃ ရက်နေ့ ညနေပိုင်းက ထိုင်းနိုင်ငံ ဘန်ကောက်မြို့ ထနွန်ဖစ်ဥထိုင်လမ်းမကြီး ဖလမ်ကောင်း တံတားပေါ်ကနေ
ခုန်ချရန်ကြိုးပမ်းနေစဉ်ထိုင်းရဲတပ်ဖွဲ့ဝင်တွေက ဝိုင်းဝန်းဖြေသိပ်ပြောဆိုပြီး ပြန်လည် ကယ်ဆယ်နိုင်ခဲ့တယ်လို့ သတင်းမှာ ဖော်ပြထားပါတယ်။
ထိုင်းအခြေစိုက်သတင်းတွေရဲ့ ဖော်ပြချက်အရ အဆိုပါ မြန်မာနိုင်ငံသားသည် တံတားပေါ် ဘေးတဖက်စွန်းမှ ရပ်ကာ ခုန်ချရန် ကြိုးပမ်းနေစဉ်
တာဝန်ကျရဲဝန်ထမ်းများ လာရောက်ဖြေသိပ်ပြောဆိုကာ ပြန်လည်ကယ်ဆယ်လိုက်တာလို့ဆိုပါတယ်။
ယင်း သည် အလုပ်အကိုင်မရရှိဘဲ စိတ်ဖိစီးနေကာ မြန်မာပြည် ပြန်ချင်သော်လည်းလမ်း
စရိတ် နဲ့ပတ်စ်ပို့ အထောက်အထားမရှိလို့ အခက်တွေ့တဲ့သူလို့လည်း သတင်းမှာ ဖော်ပြ ထားပါတယ်။