ဆောင်းရာသီမှာ နှလုံးခုန်နူန်းရပ်ပြီး နွေရာသီမှာ အော်တို အသက်ပြန်ရှင် တဲ့ ဖားများ

ဆောင်းရာသီမှာ နှလုံးခုန်နူန်းရပ်ပြီး နွေရာသီမှာ အော်တို အသက်ပြန်ရှင် တဲ့ ဖားများ

ဆောင်းရာသီဟာ ဖားများအတွက် ကြီးမားတဲ့ ပြဿနာတစ်ရပ်ဖြစ်ပြီး သူတို့တွေရှင်သန်နိုင်ဖို့အတွက် အလွန်အေးတာကြောင့် ဒီရာသီကိုဖြတ်သန်းဖို့အတွက် နေရာရှာဖို့ လိုအပ်ပါတယ်။

ရေနေဖားများဟာ အများအားဖြင့် ရေအောက်မှာ ဆောင်းခိုလေ့ရှိပြီး ဆောင်းရာသီမှာ ကန်အောက်ခြေ သို့မဟုတ် အခြားရေထဲက တစ်နေရာမှာ ကုန်ဆုံးလေ့ရှိပါတယ်။ဖားများဟာ တွင်းအောင်းဖို့ ရွှံ့ထဲမှာ မနေကြပေမယ့်လည်း ရွှံ့နွံအထက်မှာတော့ တွေ့နိုင်ပါတယ်။

ဒီဖားမျိုးများဟာ တစ်ခါတစ်ရံ ဆောင်းရာသီမှာ နှေးနှေးလေးပဲ ကူးနိုင်ပြီး သွားရင်လည်း ဖြေးဖြေးလေးပဲ သွားနိုင်ပါတယ်။

အပေါ်မှာ ဖော်ပြထားတဲ့အတိုင်း ဖားများဟာ သွေးအေးသတ္တဝါများဖြစ်တာကြောင့် သူတို့ရဲ့ ခန္ဓာကိုယ်အပူချိန်ဟာ သူတို့ပတ်ဝန်းကျင်ရှိ အပူချိန်အပေါ် အမှန်တကယ်သက်ရောက်ပါတယ်။

ဆောင်းရာသီမှာ သူတို့ဟာ ဆောင်းခိုတဲ့အခြေအနေကို ရောက်သွားကြပြီး သူတို့ရဲ့အပူချိန်ကို လျော့ချပြီး အေးခဲနိုင်ပါတယ်။

သူတို့ဟာ အေးခဲနေတဲ့အအေးဒဏ်ကို ကောင်းစွာမကာကွယ်နိုင်ပေမယ့်လည်း ဖားများဟာ ပုံမှန်အားဖြင့် မသေပါဘူး

ဒါပေမယ့် ဖားက အမှန်တကယ် မလှုပ်ပဲ အေးခဲသွားနိုင်ပါတယ်။ အသက်မရှုပဲ နှလုံးခုန်နှုန်းပါ ရပ်သွားတာပါ။ သေတော့မသေပါဘူး။ နွေရာသီပြန်ရောက်ရင် ပုံမှန်လို ပြန်ဖြစ်သွားတတ်ကြပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *