တစ်သက်မှာ တစ်ခါတောင် မြင်တွေ့ရဖို့မလွယ်ကူတဲ့ နဂါးမျိုးနွယ် ရှားပါးပုတ်…see more

Hydrosaurus ဆိုတဲ့ သတ္တဝါက ရွက်ဖျင်နဂါး (သို့မဟုတ်) Silfin ပုတ်သင်ညိုလို့လည်း လူသိများပါတယ်။ ဒီအကောင်တွေက အတော်လေးကို ကြီးမားပါတယ်။

ပြီးတော့ သူတို့ရဲ့ ရုပ်အသွင်အပြင်က ရုပ်ရှင်ဇာတ်ကားတွေထဲက ဇာတ်ကောင်ဂေါ်စီလာကြီးတွေနဲ့တူပြီး အမြီးမှာလည်း ရှည်လျားတဲ့ အရွက်ကြီးတစ်ခုကလည်း ပါပါသေးတယ်။

ဒါ့အပြင် သူတို့ရဲ့ခြေလက်တွေမှာလည်း ရန်သူကို တိုက်ခိုက်နိုင်စွမ်းရှိတဲ့ လက်သည်းကြီးတွေလည်း ရှိကြပါတယ်။ ဒီကောင်ကြီးတွေကို လက်နဲ့ သွားထိဖို့မပြောနဲ့ ကျွန်တော်တို့တွေ သူ့အနီးအနားကပ်ဖို့တောင် မတွေးဝံ့စရာပါ။

Silfin ပုတ်သင်ညိုကြီးတွေဟာ ကျွန်တော်တို့ တစ်သက်မှာတစ်ခါ မြင်ရဖို့မလွယ်တဲ့ သတ္တဝါလို့တောင် ပြောလို့ရပါတယ်။သုတေသန မှတ်တမ်းတွေအရဆိုရင် Silfin ပုတ်သင်ညိုကြီးတွေရဲ့ မျိုးစိတ်က

အင်ဒိုနီးရှား (မျိုးစိတ် ၄ မျိုး) နှင့် ဖိလစ်ပိုင် (မျိုးစိတ် ၁ မျိုး) ယေဘူယျအားဖြင့် သိထားရပြီး သူတို့က မြစ်များ နှင့် ဒီရေတောများ ကဲ့သို့သော ရေများအနီးမှာ တွေ့လေ့ရှိပါတယ်။

Silfin ပုတ်သင်ညိုတွေက ရေကိုဖြတ်ကူးမယ်ဆိုရင် သူတို့ရဲ့ ခြေနှင့်အမြီးကို အသုံးပြုပြီး အလျင်အမြန် ကူးခတ်နိုင်ကြပါတယ်။

မျိုးပွားရာမှာလည်း တစ်နှစ်လျှင်တစ်ကြိမ် လိင်တွေလို မျိုးပွားကြပေမယ့် ဥ ၂ လုံးမှ ၈ ဥကြားပဲ ဥကြပြီး အဆိုပါဥများကို သားပေါက်မပေါက်မီ နှစ်လခန့် မြေကြီးထဲမှာ မြှုပ်နှံထားကြပါတယ်။

လက်ရှိမှာတော့ Silfin ပုတ်သင်ညိုတွေဟာ တောရိုင်းတိရိစ္ဆာန်များ ရောင်းဝယ်ဖောက်ကားမှုတွေရဲ့ ခြိမ်းခြောက်ခြင်းကို ကောင်းစွာခံနေရပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *