မိကျောင်းများဟာ ကျောက်တုံးများကို စားသုံးလေ့ရှိ ကြောင်း လေ့လာတွေ့ရှိ

မိကျောင်းများဟာ ကျောက်တုံးများကို စားသုံးလေ့ရှိ
ကြောင်း လေ့လာတွေ့ရှိ
|

မကြာသေးမီက ပြုလုပ်ခဲ့တဲ့ လေ့လာမှုတစ်ခုအရ မိကျောင်းများဟာ ရေအောက်မှာ ကြာရှည်စွာနေနိုင်ဖို့ နည်းလမ်းအဖြစ် သူတို့ရဲ့ ဝမ်းဗိုက်ကို ကျောက်တုံးငယ်များဖြင့် ပြည့်စေပါတယ်။

မိကျောင်းများဟာ သူတို့ ခန္ဓာကိုယ်အလေးချိန်ရဲ့ 2.5 ရာခိုင်နှုန်းနဲ့ ညီမျှတဲ့ ကျောက်များကို စားသုံးခြင်းဟာ တိရစ္ဆာန်များရဲ့ ရေငုပ်ချိန်ကို ပျမ်းမျှ 88 ရာခိုင်နှုန်း တိုးစေပြီး 35 မိနစ်အထိ အချိန်ပိုတိုးစေတယ်လို့ ဖော်ပြခဲ့ပါတယ်။

မိကျောင်းများဟာ သားကောင်များကို တိုက်ခိုက်ဖို့ သို့မဟုတ် သတ္တုဓာတ်အရင်းအမြစ်အဖြစ် ကပ်ပါးကောင်များကို ဖယ်ရှားဖို့ သို့မဟုတ် ခက်ခဲတဲ့ အစားအစာများကို ချေဖျက်ဖို့ ရည်ရွယ်ချက်နဲ့ ကျောက်တုံးများကို မကြာခဏ စားသုံးကြတာကို သိပ္ပံပညာရှင်များက ဟိုးအရင်ကတည်းက သိထားပြီးဖြစ်ပါတယ်။

အချို့ ငှက်များလည်း စားသုံးကြပါတယ်တဲ့။ဇီဝဗေဒပညာရှင် T.J. Utah တက္ကသိုလ်မှ Uriona နှင့် လုပ်ဖော်ကိုင်ဖက်များဟာ လေ့လာမှုတစ်ခုမှာ အရွယ်မရောက်သေးတဲ့ အမေရိကန် မိကျောင်းများကို ရေငုပ်ခြင်း ၂၁ ခုပြုလုပ်ပြီး စောင့်ကြည့်ခဲ့ပါတယ်။

ပြုလုပ်ပြီးတော့ Gastroliths လို့လည်းသိကြတဲ့ ဒီကျောက်တုံးများကို အလိုအလျောက်မျိုချပြီးနောက် ၂၁ ခါ ထပ်ပြီး ရေငုပ်ခြင်းကို စောင်ကြည့်ခဲ့ကြပါတယ်။

ကျောက်တုံးများဟာ တိရစ္ဆာန်အချို့ရဲ့ ရေအောက်အချိန်ကို ၁၁၇ ရာခိုင်နှုန်းအထိ တိုးစေပြီး သူတို့အဆုတ်ထဲ လေကို ပိုမိုစုပ်ယူနိုင်စေပြီး နစ်မြုပ်နေဆဲဖြစ်ပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *