မြိတ်မြို့ရှိ ငါးအမှုန့်ကြိတ်ကန်အတွင်း အလုပ်သမားများ ပြုတ်ကျရာမှ ၃ ဦး‌ေသဆုံးခဲ့ရက…see more

မြိတ်မြို့ရှိ ငါးအမှုန့်ကြိတ်ကန်အတွင်း အလုပ်သမားများ ပြုတ်ကျရာမှ ၃ ဦး‌ေသဆုံးခဲ့ရက…see more

နိုဝင်ဘာ ၁၃ ရက် ည ၈ နာရီခန့်တွင် တနင်္သာရီတိုင်းဒေသကြီး၊မြိတ်မြို့၊မြိတ်တောင်ကျေးရွာအုပ်စု၊ အင်းလေးမြိုင်စက်မှုဇုန်ရှိ ငါးအမှုန့်ကြိတ်စက်ရုံတွင်

ငါးကြိတ်ကန်အတွင်း မော်တာချိန်းကြိုးပြုတ်ထွက်သဖြင့် အလုပ်သမားတစ်ဦးကပြန်လည်ဆယ်ယူရန် ကန်အတွင်းသို့ဆင်းရာတွင် အောက်ဆီဂျင်ပြတ်လပ်မှု​​ ဖြစ်ပွားခဲ့ကြောင်းသိရသည်။

အဆိုပါအလုပ်သမားပြုတ်ကျသွားမှု ကြောင့်ကျန်သည့်အလုပ်သမား ၄ ဦးကလိုက်လံကယ်ဆယ် ခဲ့ကြောင်းသိရသည်။

လိုက်လံကယ်ဆယ်သည့်အလုပ်သမား ဦးမှာလည်းအနံ့ဆိုးများကြောင့် အောက်ဆီဂျင်ပြတ်တောက်မေ့လဲသွားခဲ့ရကြောင်းသိရသည်။

ဖြစ်စဉ်ဖြစ်ပွားရာသို့တာဝန်ရှိသူများ၊ပရဟိတအသင်းများ၊မီးသတ်တပ်ဖွဲ့များသွားရောက်ကယ်ဆယ်ပြီး ဆေးရုံသို့ပို့ဆောင်ပေးခဲ့ကြောင်းသိရသည်။

ဆေးရုံတွင်ဆေးကုသမှုခံယူနေစဉ် ဝင်းစိုး၊ထွန်းဝိုင်းခက်၊ညီဇော် တို့ ၃ ဦးမှာသေဆုံးခဲ့ရကြောင်းသိရသည်။ဖြစ်စဉ်နှင့်ပတ်သက်ပြီးမြိတ်မြို့မရဲစခန်းမှအသေးစိတ်စစ်ဆေးကာအမှုဖွင့်ဆောင်ရွက်နေကြောင်းသိရသည်။

Leave a Reply

Your email address will not be published. Required fields are marked *