ဒါရိုက်တာမင်းထင်ကိုကိုကြီးနဲ့ အဆိုတော် စောဖိုးခွားတို့ အင်းစိန်ထောင်က ပြန်လွတ်

ဒါရိုက်တာမင်းထင်ကိုကိုကြီးနဲ့ အဆိုတော် စောဖိုးခွားတို့ အင်းစိန်ထောင်က ပြန်လွတ်

ဒါရိုက်တာမင်းထင်ကိုကိုကြီးနဲ့ အဆိုတော် စောဖိုးခွားတို့ ဒီနေ့ နိုဝင်ဘာ ၁၅ ရက်မှာ အင်းစိန်အကျဥ်းထောင်ကနေ ပြန်လည်လွတ်မြောက်လာတယ်လို့ နီးစပ်သူတွေထံကသိရပါတယ်။

သူတို့နှစ်ဦးလုံးဟာ စစ်တပ်က အာဏာသိမ်းခဲ့တဲ့ ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလ ၁ ရက်နေ့ တည်းက အစောဆုံးဖမ်းဆီးခံခဲ့ရသူတွေဖြစ်ပြီး မင်းထင်ကိုကိုကြီးကို ဆူပူရန်လှုံ့ဆော်မှု ပုဒ်မ ၅၀၅ (ခ)နဲ့

ထောင်၂နှစ်၊ ရက်ဂေးအဆိုတော်အဖြစ်လူသိများတဲ့ စောဖိုးခွားကိုတော့ သဘာဝဘေးစီမံခန့်ခွဲမှုပုဒ်မ ၃၀(က) ၊ ဆူပူရန်လှုံ့ဆော်မှု ပုဒ်မ ၅၀၅ (ခ) နှစ်မှုနဲ့ ပြီးခဲ့တဲ့ ၂၀၂၁ ခုနှစ်၊ ဒီဇင်ဘာလတုန်းက စုစုပေါင်း ထောင်နှစ်နှစ် ချမှတ်ခဲ့တာဖြစ်ပါတယ်။

မင်းထင်ကိုကိုကြီးဟာ သူ့အိမ်ရှေ့ကို ဖေဖော်ဝါရီ ၁ ရက်နေ့မှာ စစ်သားတွေရာက်နေပြီ ဆိုတဲ့အကြောင်း အဖမ်းမခံရခင်မှာ သူ့ရဲ့လူမှုကွန်ရက်စာမျက်နှာကနေ အသိပေးခဲ့ပါတယ်။

အခုအခါ ပြန်လည်လွတ်မြောက်လာပြီး နေအိမ်ကိုပြန်လည်ရောက်ရှိပြီ ဆိုတဲ့အကြောင်း မင်းထင်ကိုကိုကြီးနဲ့ နီးစပ်သူတစ်ဦးက ဘီဘီစီကိုအတည်ပြုပါတယ်။

အဆိုတော်စောဖိုးခွားဟာ သူရဲ့အနုပညာနဲ့ ငြိမ်းချမ်းရေးဆိုင်ရာ လှုပ်ရှားမှုတွေကို အင်တိုက်အားတိုက်ပြုလုပ်လေ့ရှိပြီး ၂၀၂၀ ရွေးကောက်ပွဲကာလတုန်းကလည်း NLD ပါတီ အောင်နိုင်ရေးစည်းရုံးရေးလှုပ်ရှားမှုတွေမှာ ပါဝင်ခဲ့သူဖြစ်ပါတယ်။

crd /BBC

Leave a Reply

Your email address will not be published. Required fields are marked *