သမီးလေး၂ယောက် နှင့် ဆေးရုံတက်နေရသော ခင်ပွန်းအတွက် လေးလံသော ဘိလပ်မြေအိတ်များကို နေ့စဉ်ရာနှင့်ချီပြီး…see more

များသောအားဖြင့်ကုန်တင်ကုန်ချလုပ်ငန်းကို အင်အားကြီးမားသည့် အမျိုးသားတွေကသာ လုပ်ဆောင်ကြသော်လည်း
အချို့သောအမျိုးသမီးများသည် ကြမ်း တမ်း သော အလုပ်တွေကို အမျိုးသားတွေနဲ့ တန်းတူရင်ဘောင်တန်းပြီး လုပ်ကိုင်နိုင်ခြင်းသည် အင်မတန်မှ လေးစားဖွယ် ကောင်းလှသည်။
သို့ဖြစ်၍ တရုတ်နိုင်ငံမှ အသက်၂၈နှစ်အရွယ် အိမ်ထောင်သည် အမျိုးသမီးတစ်ဦးသည် သမီးလေးနှစ်ယောက်ရှိရာ
စားဝတ်နေရေးအတွက် ခင်ပွန်းဖြစ်သူ တစ်ယောက် တည်းရဲ့လုပ်စာနဲ့ လုံလောက်ပြီး သက်တောင့်သက်သာနေနိုင်သော်လည်း သူမကိုယ်တိုင် အလုပ်ထွက်လုပ်ခဲ့သည်။
ခင်ပွန်းဖြစ်သူမှာ နမိုးနီးယားရောဂါကူးစက်ခံရသောအခါ ရက်အတော်ကြာ ဆေးရုံတက်ခဲ့ရပြီး အလုပ်မသွားနိုင်ချိန်တွင်
အမျိုးသမီးသည် ဝင်ငွေပိုရအောင် ၅၀ကီလိုဂရမ်အလေးချိန်ရှိသော လေးလံသည့် ဘိလပ်မြေအိတ်များစွာကို ထမ်းခဲ့သည်။
အမျိုးသမီးတစ်ယောက်ဖြစ်နေပေမယ့် ခွန်အားအပြည့်ရှိကာ စိတ်ဓာတ်ပိုင်းဆိုင်ရာ ထက်သန်မှုတို့ကြောင့်
နေ့စဉ်ဘိလပ်မြေအိတ်ပေါင်း ရာနှင့်ချီထမ်းနိုင်သည့်အတွက် အလုပ်ရှင်များကပင် အမျိုးသမီးအား ချီးကျူးမဆုံးဖြစ်နေရသည်။
Crd