သာကေတ ငမိုးရိပ်ချောင်းအတွင်း အမျိုးသား ရုပ်အ လော င်း မျောလာလို့ ဆယ်ယူပြီး…(ဖတ်ရန် ပုံနှိပ်ပါ)

သာကေတ ငမိုးရိပ်ချောင်းအတွင်း အမျိုးသား ရုပ်အ လော င်း မျောလာလို့ ဆယ်ယူပြီး…(ဖတ်ရန် ပုံနှိပ်ပါ)

နိုဝင်ဘာ ၁၆

ယနေ့ ညနေပိုင်းက သာကေတ ငမိုးရိပ်ချောင်းအတွင်း အမျိုးသားရုပ်အလောင်း မျောလာလို့ ဆယ်ယူပြီး စံပြဆေးရုံ ပို့ဆောင်လိုက်ကြောင်း သာကေတမြို့နယ် လူမှုကူညီရေးအဖွဲ့မှ သိရပါတယ်။

ယနေ့ နိုဝင်ဘာ ၁၆ ရက်နေ့ ညနေ ၃ နာရီကျော်အချိန်ခန့်က ရန်ကုန်တိုင်း သာကေတမြို့နယ် ကမာကြည် တံတား အမှတ်(၁) ငမိုးရိပ်ချောင်းအတွင်း အမျိုးသားရုပ် အလောင်းမျောလာကြောင်း

အကြောင်းကြားလာလို့ သာကေတမြို့နယ် လူမှုကူညီရေးအဖွဲ့မှ သက်ဆိုင်ရာ မိတ်ဖက်အဖွဲ့အစည်းများနှင့်ပူးပေါင်းဆယ်ယူပီး

အောင်နိုင်သူလူမှုကူညီရေးအသင်း ကားဖြင့် စံပြဆေးရုံသို့ ပို့ဆောင်ကူညီပေးခဲ့တယ်လို့ ဆိုပါတယ်။

အနီးပတ်ဝန်းကျင်နေသူတွေရဲ့ပြောကြားချက်အရ ပြီးခဲ့တဲ့ ရက်ပိုင်းအတွင်းက သန်လျင် တံတားပေါ်က ခုန်ချသွားတဲ့သူ ဖြစ်နိုင်တယ်ဆိုပြီးတော့လည်း

ယူဆ ပြောဆိုမှုတွေ ရှိနေပေမယ့်လည်း ယခုအချိန်အထိတော့ အတည်ပြုနိုင်ခြင်း မရှိသေးပါဘူး။

သွားရောက်ကူညီဆောင်ရွက်ပေးခဲ့သူတွေရဲ့ ပြောကြားချက်အရ အဆိုပါ အမည်မသိရ သေးသည့်

အမျိုးသား ရုပ်အလောင်း ကမာကြည်တံတားချောင်း ဝဲကတော့အတွင်း မြုပ်လိုက် ပေါ်လိုက် ဖြစ်နေတာလို့ ပြောပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *