ATM မြွေကြီးရဲ့ အကြောင်းရင်းဇစ်မြစ်ကိုဓာတ်ပုံရိုက် ခဲ့တဲ့သူ ကိုယ်တိုင် ဒဲ့ရှင်းလိုက်ပါပြီ

ATM မြွေကြီးရဲ့ အကြောင်းရင်းဇစ်မြစ်ကိုဓာတ်ပုံရိုက် ခဲ့တဲ့သူ ကိုယ်တိုင် ဒဲ့ရှင်းလိုက်ပါပြီ

မနေ့က အွန်လိုင်းပေါ်မှာ လူပြောများနေတဲ့ အေတီ အမ်မြွေကြီးကိစ္စရဲ့ အကြောင်းရင်းဇစ်မြစ်ကို မျက်မြင်သိရှိတဲ့သူက ဒဲ့ရှင်းလိုက်ပါပြီ။ ဓာတ်ပုံရိုက် ခဲ့တဲ့သူ ကိုယ်တိုင် ရေးသားထားတဲ့ ပို့စ်ကို ပြန်လည် ဖော်ပြလိုက်ပါတယ်-

“ကဲ ကဲ စလာပါပြီ ဇာတ်လမ်းက ကျွန်မ မနက်က အိမ်ယာထဲက မုန့်ဆိုင်အိမ် မြွေဝင်တာကို ဝင်းထဲက လုံခြုံရေးတွေနဲ့ ၄ ယောက်လောက် မြွေကို ဖမ်းပြီး ဝင်းထဲက အေတီအမ် စက်ထဲ ထည့်ထားတာပါ ခဏ။

အဲဒါကို အောက်ဆင်းရင်း အပျော်သဘော ကျွန်မမြွေကို ပုံရိုက်တင်ပါတယ်။

လာမေးတဲ့ လူတွေလည်း ရှိသလို နောက်ပြောင်နေ ကြတာတွေလည်း အများကြီးပါ။ ကျွန်မတင်တာက အေတီအမ် စက်ပေါ်ရှိနေတဲ့မြွေကို ဟာသအနေနဲ့ တင်တာပါ။ ရှင်းပါတယ်နော်။ ဘာရည်ရွယ်ချက်မှ မ ပါဘူး။

ဒါကို ကျွန်မရဲ့ ပုံကို ဖြတ်ညှပ်ကပ်လုပ် ပြန်ကူးယူပြီး ခရစ်ဒက် မပေး စောင်တစ်လွဲ ခေါင်းစဉ်ကြီးနဲ့ ကြောင်ငယ်တစ်ကောင်ကို မြိုထားပြီတို့ ဘာတို့တင်ပြီး

အတန်ရှည်ရှာနေတဲ့ မီဒီယာများ နည်းနည်းရှက် ကြပါဦးနော် တစ်ယောက်ပြီး တစ်ယောက်လာပြမှ သိရလို့ပါ။

မြွေက မြွေသူတော်ကောင်းပါ။ ဘာကြောင်ငယ်မှမ မြိုထားပါနော်။ သူ့ကိုကိုင်ကြည့်တာတောင် ဘာမှ ပြန်မလုပ်ပါဘူးနော်။ ခုလည်း အိမ်ရာသာယာရေးရုံး က တွံတေးက ဘုန်းကြီးကျောင်း ပို့လိုက်ပါပြီနော်။

သွားပို့တော့အဲဒီမြွေက အဲဒီကျောင်းမှာ ဒုတိယ အကြီးဆုံးပါပဲတဲ့။ အဲ့ထက်ပိုသိချင်ရင် သာယာရေး ရုံးပဲ လာစုံစမ်းကြတော့ ဟုတ်တယ် (May Htet Htet Thu)”

Leave a Reply

Your email address will not be published. Required fields are marked *

You may have missed