စကစ သွားနေတဲ့လမ်းကြောင်းကို ပြောပြလာတဲ့ ပန်ဆယ်လို

စကစ သွားနေတဲ့လမ်းကြောင်းကို ပြောပြလာတဲ့ ပန်ဆယ်လို
ပြောရဦးမယ် ကိုယ့်လူတို့ရေ… စကစ သွားနေတဲ့လမ်းကြောင်းကို
အာဆီယံက တင်းပြလိုက် လျှော့ပြလိုက်နဲ့ လက်ဝါးချင်းရိုက်ပြီး အချိန်ဆွဲပေးထားမယ်။ ခပ်လျှော့လျှော့ဆို စကစက စောက်ဖက်မလုပ်ဘဲ ထားမယ်။
ခပ်တင်းတင်း ဖြစ်လာပြီဆို ဖမ်းထားတဲ့ အကျဉ်းသားတွေကို လွှတ်ပေးပြီး ပြောင်းလဲလာပါပြီဆိုတဲ့အထာ လုပ်ပြမယ်။ ကိုယ့်ဘက် အချိန်ကြာလာတာနဲ့အမျှ တောင့်မခံနိုင်အောင် အချိန်ဆွဲထားမယ်။
တဖက်မှာလည်း NUG နဲ့ PDF အင်အားက အလွယ်လေးနဲ့ ချေမှုန်းမရတော့ဘူးဆိုတာ စကစက နားလည်နေပြီ။ အချိန်ဆွဲပြီး ပိုမိုခက်ခဲလာအောင် ဖိအားပေးမယ်။ ရွာတွေကို မီးရှို့မယ်။
အထောက်အပံ့တွေ နည်းလာအောင် ဒုက္ခရောက်သူ ပိုများအောင် လုပ်ထားမယ်။ အခက်အခဲတွေကြောင့် အားလျော့သလို ဖြစ်လာပြီဆိုရင် ညှိလို့ရပါတယ်ကွာဆိုပြီး အပေါ်စီးက ညှိမယ်။
အရင်တုန်းက တိုင်းရင်းသားလက်နက်ကိုင်တွေကို လုပ်ခဲ့တဲ့အချိုးအတိုင်း ငြိမ်းချမ်းရေး ဆွေးနွေးလိုက်၊ ထချလိုက် လုပ်မယ်။
အခွင့်အရေးလိုချင်သူတွေကို အခွင့်အရေးပေးမယ်၊ ပါမစ်တွေနဲ့ ငြိမ်အောင် ထိန်းလိုက်မယ်။ ရပ်တည်ချက်ခိုင်မာသူတွေကို ပိုဒုက္ခပေးမယ်။
NUG နဲ့ PDF ကလွဲရင် ကျန်တဲ့ အင်အားစုတွေ၊ အထူးသဖြင့် အခု Third Party ဆိုတဲ့ဟာတွေကို စကစက ငြိမ်းချမ်းရေးဆိုပြီး စင်ပေါ်တင်မယ်။
ရွေးကောက်ပွဲဆိုပြီး လက်နက်မကိုင်တဲ့ နိုင်ငံရေးအင်အားစုတွေကြား အငြင်းပွါးအောင် ထိုးခွဲမယ်။ NLD နဲ့ NUG ကြား သင်းခွဲမယ်။
ဒါ သူတို့ လုပ်မယ့်အကွက်တွေပဲ။ ကိုယ်တွေဘက်က ပြောနိုင်တာ တစ်ခုက သူတို့ အောင်မြင်မှာ မဟုတ်ဘူး။ ဘာကြောင့်လဲဆိုတော့ ပြည်သူက စစ်ဖိနပ်အောက်နေဖို့ လုံးဝမရွေးချယ်နိုင်ကြတော့လို့ပဲ။
ဥာဏ်နီ၊ ဥာဏ်နက်၊ ဥာဏ်ပြာ၊ ဥာဏ်ဝါ၊ ဥာဏ်ကလိန်စေ့နဲ့ မျိုးစုံ အောက်တန်းကျမယ်ဆိုတာ သိပြီးသားမို့ သိပ်တော့ ရင်ခုန်စရာ မရှိဘူး။
အခုပဲ ကြည့်လေ အကျဉ်းသား ၆၀၀၀ ကျော် လွှတ်ပေးလည်း မအေလိုးက မင်းအောင်လှိုင်၊ မင်းအောင်လှိုင်က မအေလိုးပဲ။
ဘယ်သူက ကျေးဇူးတင်တာ ကြားလိုက်လို့လဲ… ပြော။
😌
ပန်ဆယ်လို