နေပြည်တော်က ဝန်ထမ်းတွေ စိတ်ပျော်ရွှင်ဖို့ဆိုပြီး ပြန်ကြားရေးက ဝန်ကြီးဌာနတွေမှာ ဖျော်ဖြေမှုတွေပြုလုပ်

နိုဝင်ဘာ ၁၇

နေပြည်တော်က ဝန်ထမ်းများ စိတ်ဓါတ်ပိုင်းဆိုင်ရာ အားပေးမြှင့်တင်မှုတစ်ရပ်အဖြစ်ဆိုပြီး ပြန်ကြားရေးဝန်ကြီးဌာန မြန်မာ့အသံနှင့် ရုပ်မြင်သံကြားက နေပြည်တော်ရှိ ဝန်ကြီးဌာနတွေမှာ လှည့်လည်ဖျော်ဖြေမှုတွေပြုလုပ်လျက်တယ်လို့ သတင်းထုတ်ပြန်ချက်အရ သိရပါတယ်။

အစိုးရယန္တရား ကောင်းမွန်စွာ လည်ပတ်နိုင်ရေးအတွက် ကျရာအခန်းကဏ္ဍမှ တာဝန်သိစိတ်ဖြင့် ဆောင်ရွက်နေကြတဲ့ ဝန်ထမ်းများကို စိတ်လက်ပေါ့ပါးစွာ အပန်းဖြေပျော်ရွှင်မှုရရှိစေရန်ဟုဆိုကာ ယခုရက်ပိုင်းကစပြီး ပြုလုပ်လျက်ရှိတာဖြစ်ပါတယ်။

အဆိုပါအစီအစဉ်အနေနဲ့ နေပြည်တော်ရှိ ဝန်ကြီးဌာနများသို့ မြန်မာ့အသံနှင့် ရုပ်မြင်သံကြားက ခေတ်ပေါ် တေးဂီတအဖွဲ့နဲ့ တေးသံရှင်များက

နိုင်ငံကျော်တေးသံရှင်များနဲ့အတူ လှည့်လည်ဖျော်ဖြေလျက်ရှိကာ နိုဝင်ဘာလ ၁၆ရက်နေ့က စီးပွား/ကူးသန်းဝန်ကြီးဌာနမှာ ပြုလုပ်ခဲ့တယ်လို့ သိရပါတယ်။

ထိုဖျော်ဖြေတင်ဆက်မှုမှာ အငြိမ့်ကပြမှုများအပါအဝင် အနုပညာရှင်များဖြစ်တဲ့ မိုးယံဇွန်နဲ့ ဝေလျှံတို့က တေးသီချင်းများအပြင်

တယောပညာရှင် ဂျူးဂျူးကေလည်း ပါဝင်ဖျော်ဖြေခဲ့ကြတယ်လို့ ဆိုပါတယ်။

ဖျော်ဖြေရေးအစီအစဉ်ကို ကျန်ဝန်ကြီးဌာနများနဲ့ အဖွဲ့အစည်းအသီးသီးတို့လည်း ဆက်လက်သွားရောက်ပြီး ဖျော်ဖြေတင်ဆက်သွားမှာဖြစ်တယ်လို့ သတင်းထုတ်ပြန်ထားတာလည်းဖြစ်ပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *