မိန်းကလေးချည်းပဲ ၄ ယောက်မွေးပြီး နောက်ကိုယ်ဝန်ကပါ မိန်းကလေးဖြစ်နိုင်လို့ မီးဖွားခါနီး ဇနီးသည်ကို ကွာရှင်းခွင့်တောင်းတဲ့…

တရုတ်၊ နိုဝင်ဘာ ၁၇

တရုတ်နိုင်ငံက အသက် ၂၅ နှစ်အရွယ် အမျိုးသမီးတစ်ဦးဟာ သူမရဲ့ ငါးဦးမြောက်ရင်သွေးလေး ရလာဖို့ စောင့်ဆိုင်းနေတဲ့အချိန် ခင်ပွန်းသည်ဆီက ကွာရှင်းခွင့် တောင်းခံခဲ့ရတဲ့ အကြောင်းက တရုတ်ပြည်မကြီး ရဲ့ လူမှုကွန်ရက်ဆိုရှယ်မီဒီယာ အသုံးပြုသူတွေကြား ဟိုးလေးတကျော်ဖြစ်သွား ခဲ့ပါတယ်။

ခင်ပွန်း သည်မှာ သား ယောကျာ်းကလေးကို ရလာဖို့ မျှော်လင့်နေခဲ့တာလည်း ဖြစ်တယ် လို့ သိရပါတယ်။ ရှေ့က ကလေး ၄ ဦးစလုံးမှာ သမီးတွေချည်းပဲ ဖြစ်တဲ့အပြင်

အခု နေ့စေ့လစေ့ လွယ်ထားရတဲ့ ကိုယ်ဝန်မှာ လည်း သမီးမိန်းကလေးဖြစ်နိုင်တယ်လို့ ခင်ပွန်းသည်က ယုံကြည်ပြီး သူမနဲ့ အိမ်ထောင် ရေးကိုအဆုံးသတ်ချင်နေတယ်လို့ သိရပါတယ်။

ဟူလို့ အမည်ရတဲ့ ကိုယ်ဝန်ဆောင်ဟာ လက်ရှိ ၈ လ ကိုယ်ဝန်ကို လွယ်ထားရပြီး တရုတ်နိုင်ငံ အရှေ့ပိုင်း ရှီကျန်းပြည်နယ်၊ လင်ဟိုင်က မျက်မှန်အလုပ်ရုံတစ်ခုမှာ အလုပ်လုပ်ကိုင်နေ တာဖြစ်ပါတယ်။

ပြီးခဲ့တဲ့ သုံးလ ကတည်းကစလို့ သမီးလေးဦးနဲ့ မိသားစုတွေ အတူနေထိုင်ကြတဲ့ နေအိမ်ကနေ ခင်ပွန်းသည်က ထွက်သွားခဲ့ပြီး အိမ်လခကိုလည်း မပေးဘူးလို့ ငြင်းဆန်ခဲ့ကာ အမြန်ဆုံးကွာရှင်းသင့်တယ်လို့လည်း ပြောခဲ့ကြောင်း ဂျီယူပိုင် သတင်းက ဖော်ပြခဲ့ပါတယ်။

ဟူနဲ့ ခင်ပွန်းသည်တို့မှာ သူမ အသက် ၁၅ နှစ်ကတည်းက အတူရှိခဲ့ကြပြီး ၂၀၁၄ ခုနှစ် သူမရဲ့ အသက် ၁၇ နှစ်အရွယ်မှာ ပထမဆုံး သမီးဦးလေးကို မွေးဖွားခဲ့တာဖြစ်တယ်လို့ သိရပါတယ်။

“ ကျွန်မရဲ့ ဗိုက်ပုံစံကို ကြည့်ပြီး ခင်ပွန်းသည်က နောက်ထပ် သမီးလို့ပဲ ထင်နေပါတယ်။ အဲ့ဒီကိစ္စနဲ့ သူက ကျွန်မကို ကွာရှင်းချင် တယ်လို့ ပြောခဲ့တယ်။

သူက သူ့ မိသားစုမှာ တစ်ဦးတည်းသော သားမို့လို့ သူ့အတွက် သားယောကျာ်းလေး မမွေးပေး နိုင်ရင် တခြားမိန်းမကို ရှာလိမ့်မယ်” လို့

ကိုယ်ဝန်ဆောင် အမျိုးသမီးက ပြောပြခဲ့ပါတယ်။ ဒီ့အ တွက်လည်း သူမအနေနဲ့ ကွာရှင်းဖို့ သဘောတူခဲ့ပြီးနောက် သမီးတွေအားလုံးနဲ့ သူမက အတူ ဆက်လက်နေထိုင်ဖို့ တစ်လကို ထောက်ပံ့ကြေး ယွမ် ၁၀၀၀ ( အမေရိကန် ဒေါ်လာ ၁၄၀ ) ပေးဖို့ တောင်းဆိုခဲ့တယ်လို့ သိရပါတယ်။

Ref Myanmar Platform

Leave a Reply

Your email address will not be published. Required fields are marked *