လူရွှင်တော်ကြီး ဆင်မအတွက် အရမ်းဝမ်းသာနေတဲ့ ဇာတ်ပို့သရုပ်ဆောင် အေးသီတာ

လူရွှင်တော်ကြီး ဆင်မအတွက် အရမ်းဝမ်းသာနေတဲ့ ဇာတ်ပို့သရုပ်ဆောင် အေးသီတာ

လူရွှင်တော်ကြီး ဆင်မအတွက် ပြည်သူတွေနဲ့ထပ်တူ အရမ်းဝမ်းသာနေတဲ့ ဇာတ်ပို့သရုပ်ဆောင် အေးသီတာ

ပရိသတ်ကြီးရေ ပြည်သူ့အချစ်‌တော် ဟာသသရုပ်ဆောင် လူရွှင်တော် ဆင်မ ကတော့ ဖေဖော်ဝါရီလကတည်းက ပြည်သူတွေနဲ့အတူတူ ဒီမိုကရေစီတိုက်ပွဲဝင်ခဲ့တာပဲဖြစ်ပါတယ်။

ပြည်သူတွေနဲ့ အမှန်တရားဘက်ကနေ တွေဝေမနေဘဲ ပြတ်ပြတ်သားသားရပ်တည်ခဲ့တဲ့အနုပညာရှင်တစ်ယောက်လဲဖြစ်ပါတယ်။

ဆင်မဟာ အာဏာရှင်တော်လှန်ရေးမှာ ပြည်သူနဲ့အတူအားတက်သရောပါဝင်လှုပ်ရှားခဲ့သူ တစ်ဦးလည်းဖြစ်ပါတယ်။

ဒါကြောင့် ဆင်မ ကို ပုဒ်မ ၅၀၅ ကနဲ့ တရားစွဲဆိုခံပြီး ၂၀၂၁ သြဂုတ်လ ၂၁ ရက်နေ့မှာ လာရောက်ဖမ်းဆီးသွားခဲ့ပါတယ်။

ဒီကနေ့ ၂၀၂၂ နိုဝင်ဘာလ ၁၇ ရက်နေ့ မနက်ပိုင်းမှာတော့ ဟာသသရုပ်ဆောင် ဆင်မ ဟာ ပြန်လည်လွတ်မြောက်လာခဲ့ပါပြီ။

အမျိုးသားနေ့ အောင်ပွဲအနေနဲ့ စစ်ကောင်စီကနေ အကျဥ်းသား ၅၇၇၄ဦးကို လွတ်ပေးခဲ့ပြီးတော့ ပုဒ်မ ၅၀၅ ကနဲ့တရားစွဲဆိုခံထားရတဲ့ အနုပညာရှင်တွေကို အမှု့ကနေကင်းလွတ်ပေးခဲ့ပါတယ်။

ပြန်လည်လွတ်မြောက်လာတဲ့ ဟာသသရုပ်ဆောင် ဆင်မအတွက် ဇာတ်ပို့သရုပ်ဆောင် အေးသီတာ ကတော့ ဝမ်းမြောက်နေပါတယ်။

ဒီအကြောင်းနဲ့ပတ်သက်ပြီး သူ့ရဲ့လူမှု့ကွန်ယက်ပေါ်ကနေ “ဆင့်အတွက်ပျော်လိုက်တာညီမလေးအတွက်မျှော်နေမှာ” ဆိုပြီးရေးသားထားပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *