ပိုက်ဆံအိတ် လုပြေးသူ ၂ ဦးကို ပိုင်ရှင်အမျိုးသမီးက ဆိုင်ကယ်နဲ့ပြန်…

ကလေးမြို့၊ ဆိပ်ကမ်းသာဈေးနားမှာ ဆေးခန်းပြပြီးပြန်လာစဉ် အမျိုးသား ၂ ဦးက ဆွဲကြိုးနဲ့ ပိုက်ဆံအိတ်လုပြေးတာကြောင့်
ပိုင်ရှင်အမျိုးသမီးက အနောက်ကနေ ဆိုင်ကယ်ဖြင့် တိုက်တာကြောင့် ပတ်ဝန်းကျင်ရဲ့အကူအညီဖြင့် ၂ ဦးစလုံး ဖ-မ်းဆီးရမိတယ်လို့ သတင်းရရှိပါတယ်။
ဖြစ်စဉ်မှာ ဒီနေ့ နိုဝင်ဘာ ၁၈ ရက် မနက် ၁၀ နာရီလောက်က ပင်လုံလမ်းမကြီးပေး အမျိုးသမီးနဲ့ အသက် ၆၀ ကျော်အမျိုးသမီးတို့ ဆိုင်ကယ်အတူစီးနေစဉ်
အမျိုးသား ၂ ဦးကအနောက်ကနေ ကပ်လိုက်လာပြီး ဆိုင်ကယ်နောက်မှာထိုင်းတဲ့ အဘွားရဲ့ ဆွဲကြိုးနဲ့ပိုက်ဆံအိတ်ကိုလုယူကာ ထွက်ပြေးသွားကြပါတယ်။
ပြီးနောက် လုယက်ခံရတဲ့ အမျိုးသမီးတစ်ဦးက အဆိုပါအမျိုးသား ၂ ဦးရဲ့နောက်ကို ဆိုင်ကယ်နဲ့အမှီလိုက်ကာ အနောက်ကနေတိုက်တာကြောင့်
ဆိုင်ကယ် ၂ စီးလုံးလဲကျကာ အမျိုးသမီးက ပတ်ဝန်းကျင်သို့အကူအညီတောင်းပြီးရပ်ကွက်နေပြည်သူများက အမျိုးသား ၂ ဦးကို ဝိုင်းဝန်းဖမ်းဆီးကြတယ်လို့သိရတယ်။
၎င်းအမျိုးသား ၂ ဦးဟာ ကလေးမြို့၊ အောင်သစ္စာရပ်ကွက်နေသူတွေလို့သိရတယ်။
ဆိုင်ကယ်နဲ့ တိုက်ဖမ်းခဲ့တဲ့ အမျိုးသမီးက ဆိုင်ကယ်လဲတဲ့ဒဏ်ကြောင့် ခြေထောက်မှာ ဒဏ်ရာများရရှိသွားပြီး ဆေးဝါးကုသဖို့ စီစဉ်နေပါတယ်။
ခရက်ဒစ်