မိဘမဲ့တစ်ဦးဖြစ်သော်လည်း မည်သူ့အပေါ်မှ မမှီခိုဘဲ ကြိုးစားကာ ဘဝကို ဖြတ်သန်းနေတဲ့ ၈နှစ်အရွယ်ကလေးငယ်

မိဘမဲ့တစ်ဦးဖြစ်သော်လည်း မည်သူ့အပေါ်မှ မမှီခိုဘဲ ကြိုးစားကာ ဘဝကို ဖြတ်သန်းနေတဲ့ ၈နှစ်အရွယ်ကလေးငယ်
အချို့လူသားများ၏ ဘဝနာကြင်ခဲ့ရမှုသည် စကားနှင့်ပြောမပြနိုင်လောက်အောင်ပင် ခံစားနာကြင်ခဲ့ရပေသည်။
ကမ္ဘာကြီးဟာ ထိုကဲ့သို့သော လူများအတွက် တရားမျှတမှုဆိုသည်မှာ လုံးလုံးမှမသက်ဆိုင်သကဲ့သို့ပင် ဖြစ်နေရပေသည်။လူသားများအားလုံးဟာ
အသက်၁၈နှစ်အရွယ်တွင်ပင် လောကကြီးကို တစ်ယောက်တည်းဖြတ်သန်းရန်မှာ မဖြစ်နိုင်သေးပေ။
သို့သော်လည်း အသက်၈နှစ်အရွယ်သာ ရှိသေးသည့် ကလေးငယ်လေးသည် မိဘများ ဆုံးရှုံးသွားခဲ့ရသောကြောင့် နေအိမ်တဲလေးတွင် ဘဝကို
တစ်ယောက်တည်းဖြတ်သန်းနေရသည်။ ကလေးငယ်လေးသည် နေထိုင်စားသောက်ရန်အတွက် ကိုယ်တိုင်ရှာဖွေကာ ချက်ပြုတ်စားသောက်နေရပြီး
ဘယ်လောက်ပင် ပင်ပန်းခက်ခဲနေမလဲဆိုတာ ပြောပြစရာလိုလိမ့်မည်မဟုတ်ပေ။
ကလေးငယ်လေးဟာ ဗီယက်နမ်နိုင်ငံ Dien Bien ပြည်နယ်၊Tuan Giao ခရိုင်၊ Mun Chungကျေးရွာတွင် နေထိုင်သူလည်းဖြစ်ပါတယ် ။
ကလေးငယ်ကို အမျိုးသမီးတစ်ဦးက တွေ့ရှိခဲ့ပြီး ကလေးပုံစံမှာ ထူးဆန်းနေသောကြောင့် စုံစမ်းကြည့်ရာမှ အကြောင်းစုံကို သိခဲ့ရခြင်းဖြစ်ပါတယ်။
Shoon (Cele Daily)