စစ်ဘေးရှောင် ကလေးတွေကို မုန့်ဟင်းခါးကျွေးတဲ့နေ့ဆိုရင် ကျွေးတဲ့နေရာတစ်ခုလုံးမှာ ဘာသံတွေကျယ်နေမယ်ထင်လဲ ?

စစ်ဘေးရှောင် ကလေးတွေကို မုန့်ဟင်းခါးကျွေးတဲ့နေ့ဆိုရင် ကျွေးတဲ့နေရာတစ်ခုလုံးမှာ ဘာသံတွေကျယ်နေမယ်ထင်လဲ ?

ထမင်း x အရည် x ခေါက်ဆွဲ ဆိုတဲ့အသံတွေကို အလျင်မှီအောင်လိုက်ထည့်ပေးရတာနဲ့ဘဲ မုန့်ဟင်းခါးကျွေးတဲ့မနက်တွေဆိုရင် သူတို့အရမ်းပျော်ကြတာပေါ့


မုန့်ဟင်းခါးနဲ့ထမင်းကို ကြိုက်ကြတာလဲမပြောနဲ့လေ တောင်ပေါ်ဆောင်းရဲ့ အငွေ့တထောင်းထောင်းထနေတဲ့ အေးချမ်းလွန်းတဲ့ရာသီဥတုမှာ

ငါးနဲ့ချက်ထားတဲ့မုန့်ဟင်းခါးဟင်းအရည်ချိုချိုလေးရယ် အကြော်ရယ် မုန့်ဖက်ရယ်ထမင်းရယ်ဆိုတော့ သူတို့ဗိုက်လဲပြည့်ရာသီဥတုနဲ့လဲ အကိုက်ဘဲပေါ့ ❤️

ဆာလောင်မှုများပြေပျောက်ပါစေ ဘေးရန်ကင်းကြပါစေ


Credit CleanYangon

Leave a Reply

Your email address will not be published. Required fields are marked *