ပုဇွန်တောင်မြို့နယ်တွင် ဖွင့်လှစ်ထားသည့် အရောင်းဆိုင်အတွင်းသို့ လူခြောက်ဦးခန့်ဝင်ရောက်ပြီ…း

ပုဇွန်တောင်မြို့နယ်တွင် ဖွင့်လှစ်ထားသည့် E-Cigarettes အရောင်းဆိုင်အတွင်းသို့
လူခြောက်ဦးခန့်ဝင်ရောက်ပြီး သိန်း ၇၀ ကျော်တန်ဖိုးရှိ ပစ္စည်းများ ခိုးယူခံရတယ်လိူရပါတယ်။
“မနက်အစောပိုင်းမှာ ဆိုင်နောက်ဘက်ပေါက်ကနေ ဝင်ခိုးတာပါ။ အမျိုးသမီးနှစ်ယောက်အပါအဝင် အမျိုးသားလေးယောက်ပါတယ်။
စုစုပေါင်းခြောက်ယောက်ပါ။ ဆိုင်ထဲမှာက ဆိုင်စောင့်ကောင်လေးရှိပါတယ်။ သူ့ကို အိပ်ငွေ့ချတယ်လို့ ထင်ပါတယ်။
ဆိုင်ထဲမှာ နှစ်နာရီလောက် အေးဆေးခိုးသွားတာပါ။ တော်တော်အေးအေးဆေးဆေးကို ခိုးသွားတာပါ။ အစီအစဉ်သေချာချပြီး ခိုးယူတာပါ”ဟု
ဆိုင်ပိုင်ရှင်က ပြောကြားသည်ကိုသိရပါတယ်။
Source 11MediaGroup