ဘန်ကောက်မှာ ဆန္ဒပြသူတွေနဲ့ ရဲတပ်ဖွဲ့ဝင်တွေကြားအဓိကရုဏ်းဖြစ်

ဘန်ကောက်မှာ ဆန္ဒပြသူတွေနဲ့ ရဲတပ်ဖွဲ့ဝင်တွေကြားအဓိကရုဏ်းဖြစ်

နိုဝင်ဘာ ၁၈ ရက်နေ့က အဲ့ဒီ APEC ထိပ်သီးညီလာခံနဲ့ ဝန်ကြီးချုပ် ပရာယွတ်ချန်အိုချာကို ဆန့်ကျင်တဲ့ လူပေါင်း ၅၀ နီးပါး ပါဝင်တဲ့ဆန္ဒပြလူ အုပ်စုက ရာနဲ့ချီတဲ့ အဓိကရုဏ်းနှိမ်နင်းရေးရဲတပ်ဖွဲ့ဝင်တွေနဲ့

နာရီဝက်ကြာ ထိပ်တိုက်တွေ့ဆုံ ရင်ဆိုင်မှုအတွင်း ကျောက်ခဲတွေ၊ ဖန်ပုလင်းတွေ၊ ဖန်ကွဲစတွေနဲ့ ပစ်ပေါက် ခဲ့ကြပါတယ်။

ထိုင်းနိုင်ငံက အိမ်ရှင်အဖြစ် လက်ခံကျင်းပနေပြီး အဲ့ဒီအစည်းအဝေးမှာ ဝန်ကြီးချုပ် ပရာယွတ်ချန် အိုချာ၊ အမေရိကန်ဒုသမ္မတ ကာမာလာဟားရစ် အပါအဝင် အာရှပစိဖိတ်စီးပွားရေး ပူးပေါင်း ဆောင်ရွက်မှု ဖိုရမ်က

နိုင်ငံ့ခေါင်းဆောင်တွေ အသီးသီးတက်ရောက်နေတာဖြစ်ကာ စည်းဝေးခန်း မနဲ့ ၈ ကီလိုမီတာ အကွာ အဝေးမှာရှိတဲ့ ထိုင်းမြို့တော် ဒီမိုကရေစီအထိမ်းအမှတ် မှတ်ကျောက် တိုင်အနီးမှာ ဆန္ဒပြမှုနဲ့ အဓိကရုဏ်းတွေ ဖြစ်ခဲ့တာလို့ သိရပါတယ်။

ဆန္ဒပြသူတွေက ရဲတပ်ဖွဲ့ရဲ့ ကားပေါ်ကို ငရုပ်ဆီတွေ ဖြန်းပြီး အဓိကရုဏ်းနှိမ်နင်းရဲတပ်ဖွဲ့ထံ မျက်စိစပ်စေတဲ့ မီးခိုးတွေ မှုတ်ထုတ်ခဲ့ကြပါတယ်။ လူ ၂၅ ဦးကို ကျူးလွန်မှု၊ ဖျက်ဆီးမှု၊ မီးရှို့မှုနဲ့ ရဲတပ်ဖွဲ့ဝင်တွေကို နှောင့် ယှက်မှုနဲ့ ဖမ်းဆီးထားကြောင်း ရဲတပ်ဖွဲ့က ပြောကြားထားပါတယ်။

အခင်းဖြစ်ပွားတဲ့နေ့ မွန်းလွဲပိုင်းမှာ ဝန်ကြီးချုပ် ပရာယွတ်ကို ဆန့်ကျင်ပြီး အစည်းအဝေးပွဲအား ဆန္ဒပြမှုနဲ့ အဓိကရုဏ်းအတွင်း လူ ၁၀ ဦး ထိခိုက်ဒဏ်ရာ အနည်းငယ်ရရှိခဲ့ကြောင်း အီရာဝန် ဆေးဝါးဆိုင်ရာ စင်တာက ဖော်ပြချက်အရ သိရပါတယ်။

“ ကျွန်တော်တို့ အခြေအနေကို မထိန်းချုပ်နိုင်ခဲ့လို့ အင်အားသုံးဖို့ လိုအပ်ပါ တယ်” လို့ ထိုင်းတော် ဝင် ရဲချုပ် အာ ချာယွန် ကရိုင်သောင်က ဘန်ကောက်မှာ သတင်းထောက်တွေအား ပြောကြားခဲ့ပါ တယ်။

Source Myanmar Platform

Leave a Reply

Your email address will not be published. Required fields are marked *

You may have missed