အဆိုတော် လေးဖြူနဲ့ မိသားစုကလှည်းကူးမြို့နယ်ရှိ ဗောဓိဆာယာတောရ ကျောင်းကို ငွေကျပ်သိန်းပေါင်းများ…

နိုဝင်ဘာ ၁၉
ရန်ကုန်တိုင်း လှည်းကူးမြို့နယ်ရှိ ဗောဓိဆာယာတောရ ကျောင်းကို အဆိုတော် လေးဖြူနဲ့ မိသားစုက ကျပ် ၁၀ သိန်း လှူဒါန်းခဲ့ကြောင်း သိရပါတယ်။
ရန်ကုန် မန္တလေး အမြန် လမ်း မိုင်တိုင် ( ၁၈ မိုင် ၃ ဖာလုံ) ရွှေစည်တော် ရိပ်သာအနီးရှိ မင်းကုန်းကျေးရွာ. လှည်းကူးမြို့နယ် ဗောဓိဆာယာတောရ ထေရီမတို့ရွာ ကျောင်းကို အဆိုတော် လေးဖြူ နှင့်
ဇနီး မခင်နွယ်နွယ်သန်းတို့ မိသားစုတို့က နိုဝင်ဘာ ၁၇ ရက်နေ့က ဆရာကြီး ဘုရားအတွက် ယာဉ်ဒါနအလှူ ငါးသိန်းကျပ် ၊ဆေးဒါနအလှူ နှစ်သိန်းကျပ်သာသနာ့ မြေအလှူ တစ်သိန်းကျပ်၊
ကွန်ကရစ်လမ်းအလှူ နှစ်သိန်းကျပ် နှင့် စုစုပေါင်း ဆယ်သိန်း ကျပ်တိတိကို လှူဒါန်းခဲ့တာ ဖြစ်ပါတယ်။
အဆိုပါကျောင်းတိုက်တွင် အဆိုတော် လေးဖြူရဲ့ ဇနီးဖြစ်သူက မခင်နွယ်နွယ်သန်း သည် ၅ ကြိမ်မြောက်အဖြစ် သီလရှင်သီးသန့် ကိုးရက်တာတရားစခန်း ဝင်ရောက်ပြီးနောက် လှူဒါန်းခဲ့တာဖြစ်တယ်လို့ လည်း သိရပါတယ်။
အဆိုပါ ကျောင်းတိုက်ကို ဆက်သွယ်လှူဒါန်းလိုပါက ဖုန်းနံပါတ် 09-5140556၊ 09-755 427 428 သို့လည်း သိလိုသည်များကို မေးမြန်းစုံစမ်းနိုင်သလို တရားစခန်း အတွက် ဖြစ်စေ
သာသနာ့ပြုလုပ်ငန်းများတွင် ပါဝင်လို၍ ဖြစ်စေ Kpay – 09 5140 556 CB – 0021-6005-0012-5978 AYA – 4000 232 6616KBZ – 0043 0100 4030 94601( Khin Yu Nwe Account) သို့ ပေးပို့လှူဒါန်းနိုင်ကြောင်း သိရပါတယ်။
Source Myanmaplatform