ကမ္ဘာ့ဖလားလာရောက်ကြည့်ရှုကြမယ့်နိုင်ငံအသီးသီးကပရိတ်သတ်တွေအတွက် တစ်ည၄သိန်းကျော်တန် Fan Village

နိုဝင်ဘာ ၂၀
၂၀၂၂ ကမ္ဘာ့ဖလားလာရောက်ကြည့်ရှုကြမယ့် ကမ္ဘာ့နိုင်ငံအသီးသီးက ဘောလုံးပရိသတ်တွေအတွက် ကာတာမှာ Fan Village တွေနေရာအနှံတည်ဆောက်ထားပါတယ် ။
ကာတာနိုင်ငံ ဒိုဟာမြို့ မြောက်ဘက်မှာရှိတဲ့ Fan Village တစ်ခုဆိုရင် Tents ပေါင်း ၁၈၀၀ လောက်တည်ဆောက်ထားပါတယ် ။ Tents တစ်ခုမှာ နှစ်ယောက်တည်းခိုနိုင်မှာဖြစ်ပြီး တစ်ညကို စတာလင် ပေါင် ၁၇၅ (မြန်မာငွေအားဖြင့် ၄ သိန်းခွဲ နီးပါး) ကျသင့်မှာဖြစ်ပါတယ် ။
ဒါပေမဲ့ Tent အတွင်းမှာ တစ်ယောက်အိမ် ကုတင် (၂) လုံးနဲ့ မတ်တပ်ပန်ကာ တစ်လုံးသာ ပါရှိမှာဖြစ်ပါတယ် ။
ဒါ့အပြင် လုံခြုံရေးအတွက်လည်း ဘာ အာမခံချက်မှမရှိဘဲ ရွက်ဖျင်တဲကို ဇစ်ပိတ်ကာ ဇစ်နှစ်ခုကို ပူးပြီး နံပါတ်သော့နဲ့သာခတ်ထားရမှာဖြစ်ပါတယ် ။
ပျမ်းမျှ အပူချိန် (၃၀) ဒီဂရီစင်တီဂရိတ်ရှိနေတဲ့ ကာတာရဲ့ နေ့အပူချိန်မှာ Air Cooler မရှိ ၊ လုံခြုံရေး အာမခံချက်မရှိတဲ့ Tent တစ်လုံးကို
တစ်ည ပေါင် ၁၇၅ အထိပေးရတဲ့အပေါ် ဘောလုံးပရိသတ်တစ်ချို့ကတော့ မေးခွန်းထုတ်နေကြပါတယ် ။
ကွန်တိန်နာBox တွေနဲ့ပြုလုပ်ထားတဲ့ Fan Village တွေကတော့ တစ်ညကို ပေါင် ၂၅၀(မြန်မာငွေ ၆ သိန်း ၀န်းကျင်) ရှိပြီး ၊ Facility အပြည့်နဲ့ Fan Village တွေကတော့ တစ်ညကို ပေါင် ၃၆၅ (မြန်မာငွေ ၉ သိန်း၀န်းကျင်) အထိရှိနေပါတယ် ။
Myanmar Platform