စားကောင်းပြီး လူကြိုက်များ ၀င်ငွေတိုးပွား‌စေမယ့် အီကြာကွေး လုပ်နည်း

စားကောင်းပြီး လူကြိုက်များ ၀င်ငွေတိုးပွား‌စေမယ့် အီကြာကွေး လုပ်နည်း

တရုတ်အစားအစာတမျိုးဖြစ်တဲ့အီကြာကွေးကိုစင်္ကာပူမလေးရှားမှာလည်းနေရာတိုင်းမှာရောင်းချထားတာတွေ့နိုင်ပါတယ်။ ပဲနို့နဲ့လိုက်ဖက်တဲ့မနက်ခင်းစာလည်း ဖြစ်ပါတယ်။

အီကြာကွေးလုပ်နည်းကတစ်​ယောက်နဲ့တယောက်မတူတဲ့လုပ်နည်းတွေရှိပါတယ်။ အိမ်ရှင်မများမိမိအိမ်သားတွေကိုသန့်ရှင်းလတ်ဆတ်စွာလုပ်ကျွေးနိုင်ဖို့မိရိုးဖလာလုပ်လာတဲ့နည်းကိုမျှဝေပေးလိုက်ပါတယ်။

ပါဝင်ပစ္စည်းများ(၁၅ချောင်းစာ)

ဂျုံ – ၅၀၀ ဂရမ်
ရေ သို့ နွားနို့ – ၃၅၀ ml
ဆား – လ္ဘက်ဇွန်း တစ်ဇွန်း
သကြား – ၃ ဇွန်း စားပွဲဇွန်း
ဆီ – ၂ဇွန်း စားပွဲဇွန်း
Yeast – လ္ဘက်ဇွန်းတဝက်
Baking powder – လ္ဘက်ဇွန်းတဇွန်း
ကြက်ဥ – တစ်လုံး


ပြင်ဆင်ပြုလုပ်ပုံ

1.ခွက်တစ်ခုတွင်နွားနို့ကို ခပ်နွေးနွေးအပူပေးပြီး yeast ထည့်ကာဖျော်ထားပါ။ ဇလုံတခုတွင်ပါဝင်ဂျုံ၊ ဆား၊ သကြား၊ ကြက်ဥ၊ ဆီ၊ bakingpowder တို့ကိုထည့်ပြီးသမအောင်မွေပေးပါ။

နို့နွေးနွေးနှင့် yeast ရောစပ်ထားသည်ကိုထည့်ပြီးသမအောင်မွေပေးပါ။ ဂျုံသားများဟာအလွန်ပျော့နေရပါ့မယ်
❀ဤအဆင့်တွင်ပလပ်စတစ်ဖြင့်အုပ်ပြီးရေခဲသေတ္တာတွင်တညနှပ်ထားပြီးကျန်အဆင့်များကိုမနက်ကြော်ခါနည်းအချိန်မှသာဆက်လုပ်နိုင်သည်။

2.ပြီးလျှင်ဂျုံသားအားလုံးကိုစားပွဲပေါ်တင်ကာလက်ဖြင့်ဖိချေပြီးရေခြောက်လာသည်ထိ၁၅မိနစ်ခန့်နှယ်ပေးပါ။
❀❀အီကြာကွေးပြုလုပ်ရာမှာအရေးကြီးဆုံးအချက်ကဂျုံနှယ်တဲ့အချိန်ဖြစ်ပါတယ်။

3.ရေခြောက်ပြီးလက်တွင်မကပ်စားပွဲတွင်မကပ်တော့သောအနေထားရပါကဂျုံဖြူးပြီး လေးထောင့်အနေခေါက်ကာ ရေစိုဖန့်ဖန့်အဝတ်သို့မဟုတ်ပလပ်စတစ်ဖြင့်အုပ်ပြီးမိနစ် ၃၀ မှ ၄၅ မိနစ်ထိအပွခံထားပါ။

4.လိုအပ်သောအပွအနေထားရပါကစားပွဲတွင်ဂျုံမှုန့်ဖြူးကာခေါက်ထားသောလေးထောင့်အနေထားအတိုင်းအောက်ဘက်မှလက်လျိုပြီးလိုအပ်သောအထူအနေထားထိဆွဲဖြန့်ပေးပါ။ အထူးအပါးညီအောင်ဖြန့်ပါ။ လိုအပ်ပါက ၁၀ မိနစ်ခန့်ပြန်ပွအောင်ထားပါ။

5.အပေါ်ယံမျက်နှာပြင်မခြောက်အောင်အဝတ်ပါးအုပ်ထားပါ။ ကြော်ရန်ဆီအိုးအဆင်သင့်တည်ထားပါ။

6.ဆီပူပါကဖြန့်ထားသောဂျုံကိုတစ်လက္မအကျယ်ခန့်ဖြတ်ပေးပါ။ ဖြတ်ပြီးသားဂျုံကိုအလယ်မှထပ်ပိုင်းပိုင်းကာတစ်ပိုင်းကိုရေစွတ်ပေးပြီးကျန်တပိုင်းကိုအပေါ်မှထပ်တင်ပေးပါ။

အရှည်ပြုလုပ်လိုပါကနှစ်ချောင်းထပ်ပါ။ ပြီးလျှင်ခေါက်ဆွဲစားသောတူဖြင့်ထပ်ထားသောဂျုံသားကိုအပေါ်မှဖိပေးပါ။ ပြီးလျှင်လက်ဖြင့်ကိုင်ပြီးမိမိလိုချင်သောအရှည်အနေထားထိသာသာဆွဲပြီးဆီပူထည့်ချကြော်ပါ။

7.ဆီပူထည်းချကြော်စဉ်တူဖြင့်မုန့်ကိုပွလာစေရန်လှုပ်ခပ်ထိုးဆွပေးရပါမယ်။ ရွှေဝါရောင်ရသည်ထိကြော်ပြီဆယ်ယူဆီစစ်ကာပူပူနွေနွေးသုံးဆောင်နိုင်ပါပြီ။
❀ရာသီဥတုအရမ်းမပူပြင်းပါကညတွင်နယ်ထားပြီးအပွခံထားကာမနက်မှပြန်နယ်အပွခံကာပြုလုပ်နိုင်ပါတယ်။

❀ရေခဲသေတ္တာအလွန်မအေးသောအထပ်တွင်လည်းထားနိုင်ပြီးကျန်လုပ်နည်းအဆင့်များအားလုံးတူတူပင်ဖြစ်ပါတယ်။

Credit See Less

Leave a Reply

Your email address will not be published. Required fields are marked *