တားမြစ်ထားပေမယ့် ရေနဂါးခြောက်တွေကို အွန်လိုင်းမှာ အရောင်းအဝယ်ပိုလုပ်လာကြ

နိုဝင်ဘာ ၂၀
ငါးလုပ်ငန်းဦးစီးဌာနက ရောင်းဝယ်ဖို့တားမြစ်ထားတဲ့ ရေနဂါးတွေက ရှားပါးလာပေမယ့် လက်ရှိအချိန်ထိ ဈေးကွက်ရှိနေဆဲဖြစ်ပြီး
အွန်လိုင်းကတဆင့်အရောင်းအဝယ်ပိုမိုလုပ်ဆောင်လာကြတယ်လို့ ရေလုပ်ငန်းအသိုင်းအဝိုင်းက သိရပါတယ်။
ရေနဂါးအကောင်ခြောက်တွေက တစ်ပိဿာကို သိန်းချီတဲ့ ဈေးနှုန်းအမျိုးမျိုးနဲ့ရှိနေပြီး ဝယ်ယူသူပွဲစားတွေက အွန်လိုင်းကတဆင့် ချိတ်ဆက်ဝယ်ယူနေကြကာ
တစ်ပိဿာကို အနည်းဆုံး ကျပ် ၆ သိန်းမှ ၇ သိန်းထိ ဈေးပေးဝယ်ယူကြတယ်လို့ သိရပါတယ်။
ပြည်ပဈေးကွက်ကို ရေနဂါးခြောက်တွေ ပြန်ရောင်းတဲ့အခါ တစ်ပိဿာကို အမြတ်အစွန်း ကျပ် သိန်း ၃၀ လောက် ထိရတဲ့အတွက်
ပြည်ပပို့တဲ့ပွဲစားတွေက ပြည်တွင်းမှာရသလောက် အကောင်အရေအတွက်နဲ့ဖြစ်စေ၊ ပိဿာချိန်နဲ့ဖြစ်စေဝယ်ယူနေတာဖြစ်ပြီး
အိမ်နီချင်းနိုင်ငံတစ်ခုက ပရဆေးဝါးကုန်ကြမ်းအဖြစ်သုံးစွဲဖို့ ဝယ်ယူမှုတွေရှိနေတဲ့အတွက် ဈေးကွက်တစ်ခုဖြစ်ပေါ်နေတာဖြစ်တယ်လို့ မြိတ်မြို့ ရေလုပ်ငန်းရှင်တွေဆီက သိရပါတယ်။
Source Myanmar Platform