မြွေပါးစပ်ထဲပိုက်လုံးအမာ ဖြဲထည့်ပြီး ကြက်ဥတွေ အတင်းလောင်းချခံနေရတဲ့ ဘုရားမြွေ(ရုပ်သံကြည့်ရန်)

Force feedingဆိုတာ ဒါမျိုးကို ခေါ်တာပါမြွေက သူ့သဘာဝအတိုင်း မနေရတော့တဖြည်းဖြည်းနဲ့ Stress ဝင် စိတ်ဆင်းရဲပြီး အစာမစာ:တော့တဲ့အခါ မြွေ သသွားရင် ပြစာ: အလှူခံစာ:လို့ မရတော့မှာ စိုးတဲ့အတွက် မြွေမ ေ သအောင် မဖြစ်ဖြစ်တဲ့နည်းနဲ့ ကျွေးကြပါတော့တယ်။

မြွေကို လူ၃/၄ယောက်လောက် ဝိုင်းချုပ်၊ ပါးစပ်ထဲကို ပိုက်အမာကြီးထို:ထည့်ပြီး အစာကျွေးကြတာပါ Animals abuseပါ❗️ဒီVideoထဲမှာဆို မြွေအတွက်လည်း အာဟာရမဖြစ်တဲ့ ကြက်ဥတွေကို မြွေပါးစပ်ကို ဖြဲပြီး အတင်းလောင်းချနေတာတွေ့ရမှာပါ။

ဘုရားမြွေတော်တော်များများ ငြိမ်နေတဲ့အကြောင်းအရင်းက Dietထဲ မပါတာတွေပဲ စာ:နေရတာကြောင့် အာဟာရပြတ်တာလည်း ပါပါတယ်။

အဲ့တာတွေပပျောက်စေချင်ရင် အဲ့ Videoကို Report ထုရမှာမဟုတ်ဘဲ Animal abuseခံနေရတဲ့ ဘုရားမြွေတွေကို သဘာဝထဲ ပြန်လွှတ်ပေးနိုင်အောင် မြွေဘုရားတွေကို ထိထိရောက်ရောက် Social punishmentလုပ်ရမှာပါ။

ကြက်ဥတွေကို ကို ဖြဲပြီး အတင်းလောင်းချနေတာတွေ့ရမှာပါ

မြွေဆိုသည်မှာ မိတ်လိုက်ချိန်မှလွဲ၍ ကျန်ရှိသောအချိန်အများစုကို တစ်ကောင်တည်း သဘာဝထဲလွတ်လပ်စွာ ကျင်လည်ကျက်စားသော အသားစားသတ္တဝါမျိုးဖြစ်သည်။

မြွေမျိုးစိတ်များကွဲပြားသကဲ့သို့ သူတို့စာ:သုံးသော အစာများသည်လည်း မတူပါ။ မြွေအကြောင်း သိပ်မသိသော သာမန်လူများသည် မြွေ အမှန်တကယ်လိုအပ်သည့် အစာများကို မှန်အောင်မကျွေးနိုင်ပေ။

ထို့ပြင် တစ်ကောင်တည်းနေလေ့ရှိသော တိရစ္ဆာန်မျိုးကို အစုလိုက်အပြုံလိုက် ထားခြင်း၊ သဘာဝထဲလွတ်လပ်စွာ မနေရခြင်း၊

သဘာဝထဲမှာကဲ့သို့ သားကောင်ရှာမစာ:ရဘဲ Dietထဲလည်းမပါ အာဟာရလည်း မဖြစ်စေသော နွားနို့၊ ပေါ-က်ပေါ-က်ဆုပ်ကဲ့သို့ အစာများသာ စာ:ရခြင်း၊ လူရှောင်တတ်သော တိရစ္ဆာန်ကို လူအများက လာရောက်ကြည့်ရှုခြင်း စသည့်အချက်များသည် မြွေကို စိတ်ဖိစီးမှုများဖြစ်စေသည်။

(လူတွေတောင် ထောင်ကျရင် စိတ်ဆင်းရဲတယ်မလား။ ကိုယ်ချင်းစာကြည့်ပေါ့။ ဘုရားမြွေတွေသာ လူစကားပြောတတ်ရင် နေ့တိုင်း ဆဲနေလောက်တယ် လူတွေက ထောင်ကျရင် လွတ်ရက်ဆိုတာ ရှိသေးတယ်

မြွေများ စိတ်ဖိစီးသည့်အခါ အစာမစာ:တော့ခြင်း၊ ကိုယ့်အမြှီးကို ပြန်မျိုခြင်း စသည်တို့ဖြစ်ပြီး အဆိုးဆုံး စိတ်ဖီစီးမှုဒဏ်ကြောင့် ေ-သနိုင်သည်။

တချို့မြွေဘုရားက မြွေတွေဆို စိတ်ဖိစီးပြီး အစာမစာ:လို့ ယောက်ျား၃၊ ၄ယောက်လောက် ဝိုင်းချုပ်၊ လည်ချောင်းထဲ ပိုက်အမာကြီး ထို:ထည့်ပြီး အစာအတင်းထို:ထည့် Force feedingလုပ်တာတွေ ရှိပါတယ်။ သာသနာ့နယ်မြေက တချို့သူတွေ အဲ့လောက်ကိုယ်ချင်းစာတရား ခေါင်းပါးကြကုန်ပြီလား

စပါးကြီး၊ စပါးအုံးတို့သည် အဆိပ်မရှိသော်လည်း ချွန်ထက်သော သွားများရှိသည့် အရိုင်းသတ္တဝါဖြစ်တဲ့အတွက် အခန့်မသင့်လျှင် လာရောက်ကြည့်ရှုသူ ဘုရားဖူးများကို ကို-က်ပါက ဒဏ်ရာကြီးမားစွာရပြီး သွေးထွက်လွန်ခြင်း ဖြစ်နိုင်ပါသည်။

ဒီစာလေးကို ဖတ်မိတဲ့သူတွေလည်း မည်သည့်မြွေဘုရားကိုမဆို မသွားခြင်းဖြင့် တိရစ္ဆာန်နှိပ်စက်မှုကို တွန်းလှန်ပြီး ကုသိုလ်ယူကြပါ။

မြွေများဖမ်းမိပါက ဘုန်းကြီးကျောင်း၊ ဘုရား၊ တိရစ္ဆာန်ရုံများသို့ မပို့ဘဲ သဘာဝထဲတွင်သာ ပြန်လွှတ်ပေးကြပါ။

ဒီကမ္ဘာကြီးကို လူသားတွေပဲပိုင်တာမဟုတ်ဘဲ သဘာဝထဲက တိရစ္ဆာန်တွေလည်း ပိုင်ဆိုင်တာကို သတိရပေးပြီး Wildထဲက အကောင်လေးတွေကို သ-တ်ဖြတ်ခြင်းကို အတတ်နိုင်ဆုံးရှောင်ပေးပါ။

Leave a Reply

Your email address will not be published. Required fields are marked *