သိပ်ကိုရက်စက်လွန်းတဲ့ ဆေးတွဲတွေ၊ ဆေးစပ်သောက်နေကြသူများ

သိပ်ကိုရက်စက်လွန်းတဲ့ ဆေးတွဲတွေ၊ ဆေးစပ်သောက်နေကြသူများ
ပြည်သူတွေဟာ ကျပ်တည်းလာကြပါတယ်။ကျပ် တည်းလာတာနဲ့အတူ အလုပ်ကြမ်းလုပ်ရတဲ့သူတွေဟာ ကိုက်ခဲ ညောင်းညာတဲ့အခါ ဆေးမြီးတိုတွေရှာကြပါတော့တယ်။
ငွေကလည်း တတ်မနို်ငတော့ စျေးသက်သာတဲ့ဆေးတွဲတွေကို ရှာဝယ်ကြပါတော့တယ်။ အောက်ကပုံထဲက ဆေးတတွဲကိုသောက်ကြည့်လိုက်ပါ။
ညောင်းညာကိုက်ခဲနေတာတွေက ငါးမိနစ်အတွင်း ယူပစ်သလိုပျောက်သွားပါလိမ့်မယ်…. (တကယ် ငါးမိနစ်အတွင်းပါ။) နောက်ပြီး စားဝင်မယ်အိပ်ပျော်မယ် လူကလန်းဆန်းနေမယ် အလုပ်ပိုလုပ်နိုင်မယ်။
ဒါပေမယ့်
ရေတိုအကျိုးသက်ရောက်မှုအနေနဲံ
၁. မျက်နှာအမ်းတန်းတန်းဖြစ်မယ်။
၂. ခေါင်းထိုးမယ်
၃. တစ်ချို့ ဗိုက်အောင့်မယ်
ရေရှည်အကျိုးသက်ရောက်မှုအနေနဲ့
၁. ဗိုက်နာ ကြာရှည်ရာကနေ အစာအိပ်သေွးကြောပေါက် သွေးအန်မယ်။ ၂. ဆီးချို သွေးတိုးဝင်လာမယ်
၃. အရိုးပွမယ်
၄. လူဝလာမယ်
၅, ဆေးမသောက်ရရင် လူမလန်းဘူး သွေးပေါင်ကျလာမယ်။
၆. ကျောက်ကပ်ပျက်စီးမယ်
၇ အသည်းထိမယ်
ဘာလို့လဲ ဆိုတော့ ဒီဆေးထုတ်ထဲမှာ ဒီလိုဆိုးကျိုးမျိုးကိုဖြစ်စေနိုင်တဲ့
၁. Steroid လို့ခေါ်တဲ့ အရောင်ကျဆေး(ဆရာဝန် တောင် အရမ်းမပေးရတဲ့ဆေး) နဲ့
၂. အကိုက်အခဲပျောက်ဆေး သုံးလေးမျိုးကိုရောထည့်ထားလို့ပဲဖြစ်ပါတယ်။
ဒါ ကိုယ့်ပိုက်ဆံ ကိုယ်အကုန်ခံပြီး သတ်သေနေကြတာပါ။ ခဏတာသက်သာမှုကိုကြည့်ပြီး ရေရှည်မှာ ကုသရခက်တဲ့ ကုလို့မရနိုင်တဲ့ ရောဂါပေါင်းစုံစွဲကပ်လာနိုင်မယ့် ဒီလိုဆေးမျိုးကိုရှောင်ရှားနိုင်ကြပါစေလို့ မေတ္တာဖြင့်အကြံပြုအပ်ပါတယ်။
(တချို့သော မြန်မာဆေးမှုန့်များဟာလည်း အထက်ပါ ဆေးများကို ထောင်းထည့်ထားတာမျိုးရှိတတ်လို့ သတိနဲ့ယှဥ်သောက်သုံးစေလိုပါတယ်။)
ကျွန်တော်တို့ OSK online clinic တွင်လည်း အထွေထွေရောဂါအထူးကုသမားတော် အထွေထွေရောဂါကုဆရာဝန်များနှင့်တိုင်ပင်ဆွေးနွေးနိုင်ပြီဖြစ်ပါကြောင်အသိပေးအပ်ပါတယ်။
Dr. Kaung
OSK – Online Clinic