ကန်စွန်းရွက် ကြိုက်သူများ နေအိမ်တွင် အိုးနှင့် သန့်ရှင်းစွာစိုက်၍ ဘေးကင်းစွာ စားသုံးနိုင်ရန် ကန်စွန်းရွက်စိုက်နည်း

ရန်ကုန်တွင် ကန်စွန်းခင်းမှ ခူး၍ ကန်စွန်းရွက် ရောင်းသူများ ရှိသကဲ့သို့ အချို့ကလည်း ရေဆိုးမြောင်းဘေးတွင် အလေ့ကျ ပေါက်နေသော ကန်စွန်းရွက်များကို တနိုင်တပိုင် စီးပြီး ရောင်းသူများ ရှိပါသည်
ရေဆိုးမြောင်းထဲတွင် စက်ရုံမှ စွန့်ပြစ်သည့် ဓါတုဗေဒ ရေဆိုးများ လူနေအိမ်များမှ စွန့်ပြစ်သည့် အညစ် အကြေးများ ရှိပြီး ထိုအနီး အနားတွင်ပေါက်သော ကန်စွန်းရွက်များတွင် လူကို ဥပဒ်ပေးသော ပိုးမွှားများပါရှိ၍ စားသုံးမိပါက ရောဂါဆိုးများ ရရှိနိုင်ပါသည် ။ မိတ်ဆွေ ကန်စွန်းရွက် ဝယ်လျင် သတိထား၍ဝယ်ယူ စားသုံးသင့်ပါသည် ။
ကန်စွန်းရွက်ကို ဒီလိုလည်း စိုက်ပျိုးနိုင်ပါတယ် ။ရိုးရိုးကန်စွန်းရွက် စည်းအိုးထဲ ထည့်ထားတာ ။ စိုက်ပင် ဆို ဒီလို တညီတည်း အတိုအရှည် မညီရေအိုး တစ်ဘက်တည်း စုမနေပါ ။စိုက်လိုပါက အိုးအတွင်း
၁ – သဲ တစ်ဆ ၊ မြေဆွေး နှစ်ဆ ၊ ပြာ တဆ သမမွှေပြီး အိုးတွင်း သုံးပုံ နှစ်ပုံ ထည့်ပါ ။
၂ – မြေညှိ ကန်စွန်းစေ့ ၁၀၀ခန့်ဖြူး ၊
၃ – အပေါ်မှ သဲမြုတ်အောင် ဖြူး ၊
၄ – ရေလောင်းပေး ၊ ၅ ရက်ခန့်တွင် အပင်၂လက်မခန့် ရှည်လာလျှင် ရေ၁လက်မ အမြဲမြှပ်ထားပါ ။
၅ – ၂၀ရက် ကြာလျင် ခူးစားပါ ။
နောက်တနည်းမှာ
၁ – သဲ တဆ ၊ မြေဆွေး တဆ ၊ ပြာ တစ်ဆုတ် ရောပြီး အိုးတွင်းထည့် ။
၂ – ထိုမြေပေါ် ရေ လက်လေးသစ်ခန့် ထည့် ။
၄ -၁၀ ရက် အတွင်း အညွန့် ခူးစား ။
၅ – ၇ ရက် တစ်ကြိမ်ခန့် နွားချေးဆွေး လက်တစ်ဆုပ်ခန့် ထည့်ပေး ။ သို့မဟုတ် အညွန့် ခူးပြီးတိုင်း နွားချေး မြေဆွေးထည့် ။
၆ – နေပူ တိုက်ရိုက်ကျရာမှာထား ၊ ၇ ရက် တကြိမ် ကြော်စားလို့ ရ၏ ။