ရန်ကုန် လှိုင်မြို့နယ်က တက်နေဝန်း ကားအလှဆင်လုပ်ငန်း( Car Spa )ဆိုင် ဖောက်ထွင်းခိုးယူခံရမှုဖြစ်ပွား

ရန်ကုန် လှိုင်မြို့နယ်က တက်နေဝန်း ကားအလှဆင်လုပ်ငန်း( Car Spa )ဆိုင် ဖောက်ထွင်းခိုးယူခံရမှုဖြစ်ပွား

နိုဝင်ဘာ ၂၁

ရန်ကုန်တိုင်း၊ လှိုင်မြို့နယ်အတွင်းရှိ တက်နေဝန်း ကားအလှဆင်လုပ်ငန်း Car Spa & Accessories ဆိုင်

ဖောက်ထွန်းခိုးယူခံရမှုဖြစ်ပွားခဲ့တယ်လို့ ဆိုင်တာဝန်ရှိသူတစ်ဦးရဲ့ ပြောဆိုချက်အရ သိရပါတယ်။

အဆိုပါဖြစ်စဉ်မှာ ယနေ့ နိုဝင်ဘာလ ၂၁ရက်နေ့ နံနက် ၄နာရီဝန်းကျင်ခန့်က လှိုင်မြို့နယ် ၁၆ရပ်ကွက်၊

မာလာမြိုင် ၂လမ်းရှိ တက်နေဝန်း Car Spa & Accessories ဆိုင် ဖောက်ထွင်းခံရမှုဖြစ်ပွားခဲ့တာဖြစ်ပါတယ်။

“လှိုင်၁၆ မာလာမြိုင် ၂ လမ်း က တက်နေဝန်း Carspa မှ ဝန်ထမ်းတွေရဲ့ဖုန်းကို ဆိုင်ထဲဝင်ပြီး မနက် ၄ နာရီကျော်ဝင်ခိုးသွားပါတယ်၊

iphone အပါအဝင် ဖုန်း ၃လုံးပါသွားပါတယ်”လို့ ဆိုင်တာဝန်ရှိသူတစ်ဦးက ဆိုပါတယ်။

Source Myanmar Platform

Leave a Reply

Your email address will not be published. Required fields are marked *