ချမ်းမြသာစည်မှ အိမ်ခြေ ၅၀၀၀ ခန့်ကို ကျူးကျော်ဟုဆိုကာ ညတွင်းချင်း…

ချမ်းမြသာစည်မှ အိမ်ခြေ ၅၀၀၀ ခန့်ကို ကျူးကျော်ဟုဆိုကာ ညတွင်းချင်း ဖျက်…
ရန်ကုန်၊ နိုဝင်ဘာ ၂၂
မန္တလေးတိုင်း၊ ချမ်းမြသာစည်မြို့နယ်မှ အိမ်ခြေ ၅၀၀၀ ခန့်ကို ကျူးကျော် ဟု ဆိုကာ စစ်တပ်က ယမန်နေ့ ညတွင်းချင်းဖျက်ခိုင်း နေသဖြင့် ပြည်သူများ ဒုက္ခ ရောက်နေကြကြောင်း သိရှိရသည်။
နိုဝင်ဘာလ ၂၁ ရက်နေ့ညပိုင်းတွင် ချမ်းမြသာစည်မြို့သစ် သိုးခြံရထား သံလမ်း ဘေးတစ်လျှောက် တွင်နေ ထိုင် နေသော အိမ်ခြေ ၅ထောင်နီးပါးကို ညတွင်းချင်း ဖျက်ခိုင်းခြင်းဖြစ်ကြောင်း သိရှိရသည်။
“အခု ချမ်းမြသာစည်မြို့သစ် သိုးခြံရထားသံလမ်းတစ်လျှောက် အိမ်တွေ ဖျက် တော့ မယ်ပြောတယ်။ မနေ့ည က ညတွင်းချင်း ဖျက်ခိုင်းတာ။ အခုမနက်တော့ ခွေးတွေ ဖျက်ဖို့လုပ်နေကြပြီ” ဟု ဒေသခံတစ်ဦးက ပြောဆို သည်။
အလားတူ မန္တလေးတိုင်း၊ ပြည်ကြီးတံခွန်မြို့နယ် ဇီးအုပ် ရပ်ကွက်သစ်ကို အကြမ်း ဖက်စစ်တပ်၊ ရဲနှင့် စည်ပင် များက နေ့စဉ် ဖျက်ဆီးလျက်ရှိသဖြင့်
ပြည်သူ များမှာ ကိုယ်ပိုင်ပစ္စည်းများပင်ယူခွင့်မရှိဘဲ အိုးအိမ် နှင့် ပစ္စည်း များ ဖျက်ဆီးခံရကြောင်း သိရှိရသည်။
“မန္တလေးမြို့ ပြည်ကြီးတံခွန်မြို့နယ်၊ ရပ်ကွက်ထဲမှာ ရဲစန်းနယ်မြေ မိီးသတ် နယ်မြေ ဆိုပြီး လာဖျက်သွားတာ။ အိမ်ခြေ ၂၀၀ လာက်ရှိမယ်။
ဖျက်တဲ့ ဧရိယာ က ဧက ၃၀ လောက် ရှိမယ်” ဟု ဒေသခံတစ်ဦးက ရန်ကုန်ခေတ်သစ် သတင်းဌာနထံသို့ ပြောဆိုသည်။
Credit. Khit Thit Media