စည်ပင်အယောင်ဆောင်ကာ ဆောက်လုပ်ဆဲ လုပ်လက်ဆ အဆောက်အဦးပိုင်ရှင်များထံမှ ငွေလိမ်တောင်းမှုများ…

သင်္ဃန်းကျွန်း ၂၂-၁၁-၂၀၂၂
ရန်ကုန်တိုင်းဒေသကြီး၊ သင်္ဃန်းကျွန်းမြို့နယ်ရှိ ရပ်ကွက်များအတွင်း ပြုပြင်ဆောက်လုပ်နေသော အဆောက်အဦများထံသို့ စည်ပင်အင်္ကျီဝတ်ထားသောသူများ ဆိုင်ကယ်များဖြင့် ရောက်ရှိလာ၍ “ရုံးမှာ
ရှင်းမှာလား။ ဒီမှာ ရှင်းမှာလား”ဟု ပြောကာ ငွေကြေးလိမ်လည်ယူသွားမှုများ ဖြစ်ပွားနေဟု ပြည်သူတဦးက သတင်းပေးပို့သည်။
“အိမ်ရှေ့ကို သူတို့ရောက်လာတယ်။ ရုံးမှာ ရှင်းမလား။ ဒီမှာရှင်းမလား မေးပြီး ပိုက်ဆံတောင်းသွားတယ်။ တကယ် စည်ပင်လာလို့ သူတို့ပေးထားခဲ့တဲ့ ဖုန်းနံပါတ်ကို ဖုန်းဆက်တော့ စက်ပိတ်ထားတယ်ချည်းပဲ။
အဲလိုလူတွေလာရင် ငွေတွေ လွယ်လွယ်နဲ့ မပေးပါနဲ့။ ပတ်ဝန်းက လူတချို့ခေါ်ပြီး ရုံးမှာ ရှင်းမယ်ပြောကြပါ”ဟု သတင်းပေးပို့သူက ပြောကြားသည်။
လိမ်လည်မှု_TGKN