စိတ်ကျန်းမာရေးမကောင်းသူက အိပ်ယာဘေး ဖယောင်းတိုင်ထွန်းအိပ်ရာမှ

၁၀. ၁၁. ၂၀၂၂
Written by Hey Mar

စိတ်ကျန်းမာရေး မကောင်းသူက အိပ်ယာဘေး ဖယောင်းတိုင်းမီးထွန်းအိပ်ရာမှ အိပ်ယာကို မီးကူးစက်လောင်ကျွမ်းပြီး နေအိမ်အတွင်းမိသားစုဝင်များ ပိတ်မိသေဆုံးခဲ့မှု ယနေ့မနက် ၄ နာရီဝန်းကျင်ခန့်အချိန်က မွန်ပြည်နယ်၊

သထုံခရိုင်၊ ပေါင်မြို့နယ်၊ ဇင်းကျိုက်နယ်မြေ၊ ဘုံကျောင်းလမ်းတွင် ဖြစ်ပွားခဲ့ကြောင်း မွန်ပြည်နယ်မီးသတ်စခန်းမှတာဝန်ရှိတစ်ဦးက MT News ၏ မေးမြန်းမှုကို ဖြေကြားသည်။

မီးလောင်မှုကြောင့် စိတ်ကျန်းမာရေး ချို့တဲ့နေသူ ဦးလင်းထွန်း အသက် (၄၂) နှစ် အပါအဝင် ၊ ဒေါ်ခင်သီ (၂၇)နှစ်၊ ဒေါ်သန်းသန်းသန်းခိုင် (၅၄)နှစ်နှင့် မဇင်ဇင်ဖြိုး (၁၃) နှစ်တို့ နေအိမ်အတွင်းမီးလောင်သေဆုံးခဲ့ပြီး အဆိုပါရပ်ကွက်မှ နေအိမ် ၈ လုံး မီးကူးစက်လောင်ကျွမ်းခဲ့ကြောင်းသိရသည်။

မီးလောင်ကျွမ်းမှု့ကို ပေါင်မြို့နယ်မီးသတ်စခန်းမှ ဦးစီးအရာရှိ ဦးမြတ်ကိုကိုဦးဆောင်ပြီးသန္ဓေတပ်ဖွဲ့ဝင် ၉ ဦး မီးငြှိမ်းသတ်ယာဉ်(၃)စီး၊ မီးသတ်ရေသယ်ယာဉ် (၃) စီး၊

သထုံခရိုင် မီးသတ်စခန်းမှ ဦးစီးမှူးဦးအောင်ကြည်ထွန်း ဦဆောင်ပြီး မီးသတ်ယာဥ် ၃ စီး ရေသယ်ယာဥ် ၃ စီး ၊ မီးသတ်တပ်ဖွဲ့ဝင် ၇ ဦး၊ ဇင်းကျိုက်နယ်မြေမီးသတ်စခန်းမှ မီးငြှိမ်းသတ်ယာဉ်(၁)စီး၊ မီးသတ်ရေသယ်ယာဉ်(၁)စီး၊ လူမှုကယ်ဆယ်ရေးအဖွဲ့ အရန်မီးသတ်မှ မီးငြှိမ်းသတ်ယာဉ်(၂)စီး၊

ပေါင်မြို့နယ်စည်ပင်မှ ရေသယ်ယာဉ်(၂)စီး၊ စုစုပေါင်း မီးသတ်ယာဥ် ၁၈ စီး ၊ သန္ဓေမီးသတ်အင်အား ၂၀ဦးနှင့် အရံ မီးသတ်တပ်ဖွဲ့ဝင် ၅၀ ဦးတို့ စုပေါင်းငြှိမ်းသတ်ခဲ့ကြပြီး မနက် ၅ နာရီ ၅ မိနစ်တွင် မီးငြိမ်းခဲ့သည်ဟု သိရသည်။

လူလေးဦးသေဆုံးပြီး နေအိမ်ရှစ်လုံး မီးလောင်ကျွမ်းခဲ့သော်လည်း စုစုပေါင်း ဆုံရှုံးမှု တန်ဖိုးမှာ ငွေကျပ် ၉၅ သိန်းခန့်ဟုသာ ထုတ်ပြန်ဖော်ပြထားသည်။

ပုံစာ။ လူလေးဦးသေဆုံးခဲ့သည့် မီးလောင်ကျွမ်းမှုဖြစ်စဥ်ကို တွေ့ရစဥ် (ဓာတ်ပုံ- ကိုကျော်မြဝင်း)

Leave a Reply

Your email address will not be published. Required fields are marked *