နေခင်းကြီး ဓ ား နဲ့ထိုးပြီး I phone များ အေးဆေးစွာ အလုခံရ

နေခင်းကြီး ဓ ား နဲ့ထိုးပြီး I phone များ အေးဆေးစွာ အလုခံရ

🚨 20.11.2022 ဖုန်းအလုခံရခြင်းအသေးစိတ် 🚨

Facebook Account Ye Htet Min သည် 19.11.2022 ညဦးပိုင်းအချိန်တွင် ကျွန်တော်၏ Telegram နံပါတ် တောင်းပါသည် ကျွန်တော် နှင့် Telegram မှာ iPhone 14 Pro Max(13)လုံး လိုချင်ကြောင်းပြောပါသည်။
ကျွန်တော်စီမှာ မရှိသည့်အတွက် ကျွန်တော် မိတ်ဆွေစီမှ ယူပေးမည်ဟု ပြောခဲ့ပါသည်။

နောက်နေ့တွင် သူကို ဆိုင်လာဖို့ပြောတော့ သူလာဖို့ အဆင်မပြေလို့ လာပို့ပေးဖို့ဘဲအကူညီတောင်းပါသည် ။ 13 လုံးစာ ငွေအမောက်များသည့်အတွက် ကျွန်တော် မိတ်ဆွေစီက အကြွေးယူဖို့ ဘယ်လိုမှ အဆင်မပြေကြောင်းသူကိုပြောတယ် ။သူကို အားနာတာနဲ့ ရသလောက် ပို့ပေးလိုက်မယ်ဆိုပြီး စိတ်ဖြတ်လိုက်တယ် ။

ဒါနဲ့ကျွန်တော်ဆရာဆိုင်ကနေ iPhone 14 Pro Max နှစ်လုံးကို ဖုန်းဆက်ပြီး ကျွန်တော် iPhone 14 Pro Max အပြန်ကြမှ ငွေရှင်းမည်ဆိုပြီး ကျွန်တော် ဆရာ ဆိုင်ကနေ iPhone 14 Pro Max နှစ်လုံးကို အကြွေးယူခဲ့ပြီးသွားပို့ခဲ့ပါသည် ကျွန်တော်သည် သူနှင့် Facebook မှာ Friends ဖြစ်တာ အချိန်ကာလအားဖြင့် ၂ နှစ် ၃ နှစ် ဝန်းကျင်ရှိပြီဖြစ်တဲ့အတွက် မျက်မှန်းတန်းမိတော့ သူကို ယုံကြည်ပြီး သွားပို့ပေးခဲ့ပါသည်။

ကုန်သည်လမ်းနှင့် ဗိုလ်တထောင်စျေးလမ်းကိုခေါ်ပါတယ် ဟိုရောက်တော့ သူကားက Toyota Wish အမဲရောင် 1K/4001 နဲ့ရောက်လာပါတယ် သူကားပေါ်ကနေကျွန်နော်ကားပေါ်ကို လိုက်ထိုင်ပါတယ် သူကားကပိုက်ဆံလေး သွားယူနေတယ် လာပို့မယ်ဆိုပြီးစောင့်နေခဲ့ပါတယ်

အချိန်အတော်ကြာသည်အထိ သူနဲ့ စကားပြောရင်း စောင့်နေခဲ့ပါတယ် စောင့်နေချိန်တွင် Toyota Wist အမဲရောင် 1K/4001 ပြန်ရောက်လာပြီး အချိန် ၃ နာရီ ဝန်းကျင်ခန့် ကျွန်နော်ကို ဓားနဲ့စထိုးပြီး iPhone 14 Pro Max ၂ လုံးကို ယူပြီး Toyota Wish 1K/4001 ပေါ်တက်ပြီးထွက်ပြေးသွားပါတယ် ။

ဖြစ်စဉ်အားလုံးက ကျွန်တော်လူတယောက်အပေါ်
အယုံလွယ်တဲ့ စိတ်တခုရယ် အားနာတက်တဲ့ စိတ်ရယ် ပေါ့ပေါ့လေးတွေးလိုက်တာကြောင့် ခုလိုဖြစ်သွားတာပါ ကျန်တဲ့ မိတ်ဆွေများလဲ Online ပေါ် မှာ ဘယ်လောက်သိနေပါစေ အယုံကြည်မလွယ်ဖို့နဲ့ အားမနာတက်ဖို့ သတိပြုကြပါလို့ အကြံပြုချင်ပါတယ်။

လုယက်သူ၏ ဖုန်းနံပါတ်ပါ
09 767620064
Ye Htet Min

Telegram က Chat History ကတော့
ဖြတ်သွားပါတယ်ခင်ဗျ

လုခံရသည့် iPhone 14 Pro Max (256)

imei

358686328172816

352301455680922

Leave a Reply

Your email address will not be published. Required fields are marked *