” ဘယ်ထင်ခဲ့ပါ့မလည်း … ဘဝတဆစ်ချိုး ကို ပြောင်းလဲ ,, လိုက်ရမယ်လို့ ..

” ဘယ်ထင်ခဲ့ပါ့မလည်း … ဘဝတဆစ်ချိုး ကို ပြောင်းလဲ ,, လိုက်ရမယ်လို့ ..
ဝါသနာအရ အလှမော်ဒယ်လုပ်ရင်း အနုပညာလောကကို
ဝင်ရောက်လာခဲ့တဲ့ မင်းသမီးလေး အေးမြတ်သူ ကိုတော့
ပရိသတ်တိုင်း သိကြလိမ့်မယ်ထင်ပါတယ်နော်။
သူမကတော့ နောက်ပိုင်းမှာ ဗီဒီယိုဇာတ်ကားတွေ
တောက်လျောက်ရိုက်ကူးရင်း ပရိသတ်တွေလက်ခံအား
ပေးတဲ့ မင်းသမီးတစ်လက်ဖြစ်လာခဲ့တာပါ။
အေးမြတ်သူ ဟာ မိဘကိုသိတတ်တဲ့ သမီးအလိမ္မာလေး
တစ်ဦး ဖြစ်တာကြောင့်လဲ ပရိသတ်တွေက ပိုမိုချစ်ခင်အား
ပေးကြရပြန်ပါတယ်။
အေးမြတ်သူ ဟာ အားကစားကိုလိုက်စားသူတစ်ဦးဖြစ် တာကြောင့် ခုချိန်ထိနုပျိုလန်းဆန်း လှပနေတာကို သူမ ရဲ့ ဓာတ်ပုံလေးတွေကို ကြည့်ပြီးသိနိုင်ပါတယ်နော်။ သရုပ်ဆောင် အေးမြတ်သူ ကတော့ ၂နှစ်လောက် တောင့်ခံခဲ့ပေမယ့် လက်ရှိအချိန်မှာ ပြောင်းလဲမှရပ် တည်နိုင်တော့မယ်လို့ သူမအခက်အခဲတွေကို ရင်ဖွင့်
လာခဲ့ပါတယ်။
” ဘယ်ထင်ခဲ့ပါ့မလည်း … ဘဝတဆစ်ချိုး ကို ပြောင်းလဲ ,, လိုက်ရမယ်လို့ ..
အရာရာအသားတကျ အခြေတကျဖြစ်ဖို့ ၁၀နှစ်လောက် ကြိုးစားရင်း ၅နှစ်လောက်နေသားတကျဖြစ်နေချိန်မှာ ၂နှစ်လောက်တောင့်ခံနိုင်ပေမယ့်…လက်ရှိနှစ်တွေမှာ တော့ ပြောင်းလဲမှ ရပ်တည်နိုင်တော့မှာ မို့ထပ်ပြီးကြိုးစား ရုန်းကန်ရဦးမယ်….
အရင်က ကမ္ဘာကျော်တံဆိပ်တွေ နဲ့ ဖက်ရှင်ကျတဲ့ဝတ်စုံ တွေ ရောင်းတဲ့နေရာ မှာ ပျော်တဲ့ကျမ ခုတော့ …စုံစီနဖာ ရောင်းတဲ့ဈေးတွေမှာ ပျော်နိုင်အောင်ကြိုးစားနေတက်ပါ ပြီ…အရင်အချိန်တွေကိုလွမ်းရင်းလက်ရှိအချိန်မှာကြိုးစား နေပါတယ်….”လို့ အေးမြတ်သူ ရဲ့ လူမှု ကွန်ယက်ပေါ်မှာ live လွှင့်ပြီးပြောသွားခဲ့ပါတယ်။