ရဟတ်ယာဉ် ဝယ်ယူ၊ ငှားရမ်းမှုနဲ့ပတ်သက်ပြီး စွဲဆိုထားတဲ့ အဂတိအမှုများအတွက် သမ္မတကြီးဦး၀င်းမြင့် ထွက်ဆိုချက်

ရဟတ်ယာဉ် ဝယ်ယူ၊ ငှားရမ်းမှုနဲ့ပတ်သက်ပြီး စွဲဆိုထားတဲ့ အဂတိအမှုများအတွက် သမ္မတကြီးဦး၀င်းမြင့် ထွက်ဆိုချက်
နိုဝင်ဘာ ၂၂
ရဟတ်ယာဉ် ဝယ်ယူ၊ ငှားရမ်းမှုနဲ့ပတ်သက်ပြီး စွဲဆိုထားတဲ့ အဂတိအမှုများအတွက် စစ်ဆေးခဲ့တဲ့ ရုံးချိန်းမှာ သမ္မတ ဦးဝင်းမြင့်က
ဘဏ္ဍာရေးစည်းမျဉ်းအတိုင်းသာ ဆောင်ရွက်ခဲ့တယ်လို့ ထွက်ဆိုခဲ့ကြောင်း တရားရုံးနဲ့နီးစပ်တဲ့အသိုင်းအဝိုင်းထံက သိရပါတယ်။
သမ္မတ ဦးဝင်းမြင့်အား ရဟတ်ယာဉ် ဝယ်ယူ၊ ငှားရမ်းမှုနဲ့စပ်လျဉ်းပြီး စွဲဆိုထားတဲ့ အဂတိအမှု ၅မှုအနက် ၄မှုကို နိုဝင်ဘာလ ၂၁ရက်နေ့က
နေပြည်တော်အချုပ်ထောင်အထူးတရားရုံးမှာ ရုံးချိန်းကြားနာစစ်ဆေးခဲ့တာဖြစ်ပါတယ်။
အဆိုပါအမှုနဲ့စပ်လျဉ်းပြီး သမ္မတ ဦးဝင်းမြင့်က လုပ်ထုံးလုပ်နည်းများနဲ့အညီ၊ ဘဏ္ဍာရေးစည်းမျဉ်းတွေအတိုင်းသာ ဆောင်ရွက်ခဲ့တယ်လို့ ထွက်ဆိုခဲ့ကြောင်း တရားရုံးနဲ့နီးစပ်သူတစ်ဦးက ဆိုပါတယ်။
ယနေ့ရုံးချိန်းမှာလည်း အထက်ပါအဂတိအမှု ၅မှုနဲ့စပ်လျဉ်းပြီး ထပ်မံစစ်ဆေးသွားဖို့ရှိနေကာ သမ္မတ ဦးဝင်းမြင့်အား စစ်ဆေးပြီးစီးပါက
အတိုင်ပင်ခံ ဒေါ်အောင်ဆန်းစုကြည်က ထိုအမှုများအတွက် ကိုယ်တိုင်ထွက်ဆိုသွားဖို့ရှိတယ်လို့ သိရပါတယ်။
Myanmar Platform