လက်နှစ်ဖက်လုံးမရှိပေမယ့်လည်း ဘဝကိုအရှုံးမပေးပဲ အလုပ်တွေလုပ်ရင်း စာကိုကြိုးစားသင်ယူနေသည့် ကျောင်းသားလေးတစ်ဦး

လက်နှစ်ဖက်လုံးမရှိပေမယ့်လည်း ဘဝကိုအရှုံးမပေးပဲ အလုပ်တွေလုပ်ရင်း စာကိုကြိုးစားသင်ယူနေသည့် ကျောင်းသားလေးတစ်ဦး
ဗီယက်နမ်နိုင်ငံ Dong Naiပြည်နယ်တွင် နေထိုင်သော အသက်၂၀အရွယ် ကောင်လေးတစ်ဦးသည် မွေးရာပါ လက်နှစ်ဖက်လုံးပါမလာခဲ့၍
သာမန်လူတွေလို နေထိုင်ဖို့ရာ ခက်ခဲခဲ့သော်လည်း မသန်စွမ်းပေမယ့် စံပြတစ်ယောက်အဖြစ် ကြိုးစားခဲ့သည်။
ကောင်လေးသည် လက်နှစ်ဖက်လုံးမဲ့နေတာကြောင့် ပတ်ဝန်းကျင်မှ ပင်ဂွင်းလေးဆိုပြီး အမည်ပြောင်ပေးထားခဲ့သော်လည်း စိတ်ဆိုးခြင်းမရှိပဲ ဖော်ရွေသောဆက်ဆံရေးရှိတာကြောင့် ချစ်သူခင်သူပေါများခဲ့သည်။
ကောင်လေးသည် မူလတန်းကျောင်းသားအရွယ်ကတည်းက ကျောင်းသို့ ကိုယ်တိုင်စက်ဘီးစီးပြီး ရေကူးခြင်းကိုလည်း တတ်မြောက်ထားသည့်အပြင်
တစ်နေ့တာလုပ်ဆောင်ချက်များကိုလည်း မည်သူ့အကူအညီမှ မပါပဲ ကိုကိုယ်တိုင်အစွမ်းအစနဲ့ ပြီးဆုံးအောင် လုပ်ခဲ့သည်။
ထို့အပြင် ကောင်လေးသည် အတန်းထဲတွင် စာအတော်ဆုံးဖြစ်ပြီး လက်ရေးလှပြိုင်ပွဲတွင်လည်း အခြားသူတွေလို လက်နဲ့သေချာရေးမရပေမယ့် ခြေထောက်ကို အသုံးပြုပြီးရေးခဲ့ရာ လက်ရေးအလှဆုံးကျောင်းသားအဖြစ် ပထမဆုကို ဆွတ်ခူးရရှိခဲ့သည်။
Credit