ကျောက်ဖြတ်စက်ကိုင်ကာ မီးပလပ်ခုံတွင်ပလပ်ထိုးလိုက်စဥ် ဓာတ်လိုက်‌ေ…

ကျောက်ဖြတ်စက်ကိုင်ကာ မီးပလပ်ခုံတွင်ပလပ်ထိုးလိုက်စဥ် ဓာတ်လိုက်‌ေ…

အမှုဖြစ်စဥ်မှာ ၁၈.၁၁.၂၀၂၂ရက်ညနေ၆နာရီခန့်ကရန်ကုန်တိုင်းဒေသကြီး၊လှိုင်သာယာအရှေ့ပိုင်းမြို့မရဲစခန်းတွင်ရဲအုပ်…. သည်ခေတ္တစခန်းမှူး တာဝန်ဆောင်ရွက်နေစဉ် လှိုင်သာယာပြည်သူ့ဆေးရုံကြီး၊


မှုခင်းဆေးစာ တာဝန်ကျ ရဲတပ်ကြပ်မှ ဖုန်းဖြင့် ဆက်သွယ်ပြီး ဆေးရုံသို့ လူတစ်ဦး ဓာတ်လိုက် သေဆုံး၍ ရောက်ရှိလာ ကြောင်း ဆက်သွယ်ပြောဆိုသဖြင့်ရဲအုပ်…..သည် လှိုင်သာယာ(အရှေ့ပိုင်း)မြို့မရဲစခန်းမှ တာဝန်မှူး ဒုရဲအုပ်…..၊ အပိုင်နယ်ထိန်း ရဲတပ်ကြပ်…..၊ သက်သေ အမှတ်(၆)ရပ်ကွက်ရာအိမ်မှူး ဦး….တို့နှင့်အတူ သွားရောက်စစ်ဆေးခဲ့ကြောင်းသိရသည်။

သေဆုံးသူမှာ ရဲဇော်(၂၈)နှစ်၊ပန်းရံ၊၊ စကားဝါလမ်း၊ အလယ်ကျေးရွာ၊လှိုင်သာယာ(အနောက်ပိုင်း)မြို့နယ်နေသူဖြစ်ကြောင်း သိရှိရသဖြင့် အလောင်း အား စစ်ဆေးခဲ့ရာ ၎င်း၏ နောက်စေ့တွင် ပွန်းဒဏ်ရာ (၁)ချက် ရရှိထားသည်ကို တွေ့ရှိရသဖြင့် ဖြစ်စဉ် နှင့်ပတ်သက်၍ သေဆုံးသူ ရဲဇော်နှင့်

အတူတူအလုပ်လုပ်ကိုင်သည့် ညီအစ်ကိုဝမ်းကွဲတော်စပ်သူ သန့်ဇင်အောင်(၃၁)နှစ်၊ပန်းရံ၊ မ/မသိ(ဒေါ်တင်ခိုင် အဆောင်)၊ ရွှေစေတီ(၈)လမ်းကုန်းဒလပေါင်ကျေးရွာ၊ မင်္ဂလာဒုံမြို့နယ်နေသူအား မေးမြန်းရာ ၎င်းသည် သေဆုံးသူ ရဲဇော်၊ မိုးဝင်း(၃၁)နှစ်၊ပန်းရံ၊ မ/မသိ(အဆောင်)၊ ရွှေလင်ပန်းကျေးရွာ၊

လှိုင်သာယာ(အရှေ့ပိုင်း)မြို့နယ်နေသူတို့နှင့်အတူ လှိုင်သာယာ(အရှေ့ပိုင်း)မြို့နယ်အမှတ်(၆)ရပ်ကွက်၊ နဝဒေးအိမ်ရာ ၊ (၉၉)လမ်းအမှတ် ၁၂၅၃ ရှိ(၅)ထပ်အဆောက်အဦအား ကြွေပြားကပ်ရန်အတွက် ကြွေပြားများအား ကျောက်စက်ဖြင့် ဖြတ်ရန် ကျောက်စက်အား ကိုင်ပြီး မီးပလပ်ခုံတွင် မီးထိုးစဉ် ဓာတ်လိုက်သွားသဖြင့် သေဆုံးခဲ့ခြင်းဖြစ်ကြောင်းပြောပြချက်အရသိရှိရသည်။

အလောင်းအား ရဲဆေးစာရေးသားကာပြည်သူ့ဆေးရုံသို့ပို့ဆောင်ပေးခဲ့ရာ ဆေးရုံမှ PR-01 ဖြင့် လက်ခံစစ်ဆေး လျှက်ရှိပြီး ရဲဇော် သေဆုံးမှုနှင့် ပတ်သက်၍ ဓမ္မတာအတိုင်း သေဆုံးခဲ့ခြင်း ဟုတ်/မဟုတ်စစ်ဆေးပေးပါရန် တရားလို ပြုလုပ်တိုင်တန်းခဲ့ရာလှိုင်သာယာအရှေ့ပိုင်းမြို့မရဲစခန်းသေမှုသေခင်းအမှတ် (၃၇/၂၀၂၂) အရရေးဖွင့်ကာအမှုစစ်မှသက်သေများအား စစ်ဆေးခြင်း၊

အခင်းဖြစ်ရပ်မြေပုံကြမ်းရေးဆွဲခြင်း၊ မှတ်တမ်းဓာတ်ပုံရိုက်ကူးခြင်းနှင့် သက်သေခံပစ္စည်းသိမ်း၊ ရဲဆေးစာ ရေးသားပေးပို့ခြင်းနှင့်အမှုအား တရားစွဲတင်ပို့နိုင်ရေး ဆောင်ရွက်လျက်ရှိကြောင်းသိရှိရသည်။

နွယ်နီလှိုင်
(ထန်းတပင်)S.H
ရှုထောင့်သတင်းစုံဂျာနယ်

Leave a Reply

Your email address will not be published. Required fields are marked *

You may have missed