ကြားသိရသမျှ ရက်စက်လိုက်တဲ့ မိဘကွာ…၁၆ နှစ်သမီးလေးရဲ့ အဖြစ်ဆိုးကိုလည်း ကြည့်ကြပါအုံး

ရက်စက်လိုက်တဲ့ မိဘကွာ…၁၆ နှစ်သမီးလေးရဲ့ အဖြစ်ဆိုးကိုလည်း ကြည့်ကြပါဦး။ ၁၆ နှစ်သမီးကို ဒယ်အိုးနဲ့ခေါင်းခေါက်လိုက်တာ ၅ နှစ်အရွယ်ကလေးလိုဖြစ်သွားတဲ့ ထူးဆန်းတဲ့ဖြစ်ရပ်
😳😳တစ်ခါ မှ မကြားဖူးတဲသတင်း😢
မိဘတွေ အထူးဂရုစိုက်ကြပါ တောသူတောင်သားတွေက ဒါမျိုးမသိကြသူများတယ်😢ဆေးရုံဆိုတော့ လူပေါင်းစုံ၊အလွှာပေါင်းစုံ၊ရောဂါပေါင်းစုံ မြင်ရတွေ့ရ ကြုံရတယ်၊
ခုမြင်ရတဲ့ အကျီ်ပန်းရောင်နဲ့ကလေးမလေးဆို အသက်က ၁၆နှစ်ရှိပြီ အပျိုဘော်ဝင်ခါစ ချောချေလေးပါ တောမှာနေကြတာတဲ့
တစ်နေ့….. သူ့အမေကထမင်းဆာနေတဲ့အချိန် သူ့သမီးက ချက်ထားတဲ့ ဟင်းထဲဘာတွေသွားထဲ့လိုက်တယ်ဆိုလားပဲ စားမရတော့ဘူးပေါ့
ဒါနဲ့စိတ်ဆိုးပြီး…ဒယ်အိုးနဲ့ ဂေါင်းကိုခေါက်လိုက်တာ သတိမေ့သွားလို့ဆေးရုံရောက်လာတယ် သတိရလာတော့..
၅နှစ်သမီးလေးအတိုင်းဖြစ်သွားတယ် စကားတွေမပီတော့ဘူး၊အသံကလည်းကလေးသံလေးဖြစ်သွားတယ်၊
ကလေးလိုဆော့ ကလေးလိုအော်ငိုလိုက်ရီလိုက် မုန့်စားလည်း လက်နှစ်ဖက်နဲ့ပလုပ်ပလောင်းရယ်၊
သွေးလန့်သွားတာ တဲ့လေ သူ့အမေလည်းယူကြုံးမရပေါ့ ခုတော့ အဖေရောအမေရောက ကလေးငယ်လေးလိုပြုစုနေရတယ်၊ခု ဆေးရုံကဆင်းသွားပြီ
ပြန်ကောင်းဖို့မသေချာဘူးတဲ့၊ဝမ်းနည်းစရာပါ အရွယ်ရောက်တဲ့မိန်းကလေးတစ်ယောက် ကလေးလေးလို အသိဥာဏ်ပဲရှိတော့တာ သူ့အတွက်ရော မိဘတွေအတွက်က တကယ်ရင်လေးစရာပါ
မိဘတွေကလေးတွေရိုက်တဲ့အခါ ဂေါင်းတွေ၊ကျောကုန်းတွေ၊ရင်ဘတ်တွေ ရှောင်ကြပါ
ဒီသာဓကလေးက မိဘတွေအတွက် သင်ခန်းစာလေးပါ
Taungoo Thu
ခရက်ဒစ်