အလုပ်ကပြန်လာသူကိုအမည်မသိလူ(၅)ဦးမှဝိုင်းဝန်းထို းကြိတ်ကာ ဓာ းနှင့်ပါ…

အလုပ်ကပြန်လာသူကိုအမည်မသိလူ(၅)ဦးမှဝိုင်းဝန်းထို းကြိတ်ကာ ဓာ းနှင့်ပါထို းသွား…

အမှုဖြစ်စဥ်မှာ ၁၅.၁၁.၂၀၂၂ရက်ည၁၀နါရီ၂၀မိနစ်အချိန်ရန်ကုန်တိုင်းဒေသကြီး၊ဗိုလ်တထောင်ခရိုင်၊ဒေါပုံမြို့နယ်၊ကြည်စုရပ်ကွက်၊ကျောင်းလမ်း(၂)လမ်းနေဦးကျော်ကျော်ဦး(၅၁)နှစ်၊

ယာဥ်မောင်းသူက၎င်းသည်တက္ကစီယာဥ်မောင်းပြီးနေအိမ်သို့ပြန်လာစဥ်ဇနီးဖြစ်သူဒေါ်ချိုချိုမာကသားဖြစ်သူမြတ်ကိုကိုဦး(၃၀)နှစ်၊ကျပန်း၊

လိပ်စာတူနေသူ၏ဦးခေါင်းတွင်သွေးများပေနေသည်ကိုသုတ်ပေးနေသည်ကိုတွေ့မြင်ရသောကြောင့်မြတ်ကိုကိုဦးအားမေးမြန်းရာမြတ်ကိုကိုဦးသည်အလုပ်မှပြန်လာစဥ်

ဂျပန်တံတားမှကြည်စုရပ်ကွက်ဘက်သို့လမ်းလျောက်ပြန်လာစဥ်အမည်မသိလူ(၅)ဦးမှအနောက်ကလိုက်လာပြီးလက်သီးနှင့်ဝိုင်းထိုးကြကြောင်းသိရသည်။

အမည်မသိလူ(၅)ဦးထဲကတစ်ဦးမှမြတ်ကိုကိုဦးကိုအသင့်ပါလာသောဓားနှင့်ထိုးသောကြောင့်မြတ်ကိုကိုဦးတွင်နောက်ကျောအလည်တည့်တည့်ထိုးသွင်းဒဏ်ရာ(၁)ချက်၊

မျက်ခွံပေါက်ပြဲဒဏ်ရာတစ်ချက်တို့ရရှိသွားသဖြင့်ရဲဆေးစာနှင့်အတူရန်ကုန်ပြည်သူ့ဆေးရုံကြီးသို့ပို့ဆောင်ခဲ့ရာစိုးရိမ်ရအဖြစ်ကုသနေရသောကြောင့်မြတ်ကိုကိုဦးအားဝိုင်းဝန်းထိုးကြိပ်ပြီးဓားနှင့်ပါထိုးကြသော

အမည်မသိလူ(၅)ဦးကိုဥပဒေအရအရေးယူပေးပါရန်တရားလိုပြုလုပ်တိုင်တန်းခဲ့ရာဒေါပုံမြို့မရဲစခန်း (ပ)၂၁၆/၂၀၂၂ရာဇသတ်ကြီပုဒ်မ၃၂၆/၃၂၃/၁၁၄အရအမှုရေးဖွင့်ကာအမှုစစ်ကကျူးလွန်သူကိုဖမ်းဆီးရမိစေရေးစုံစမ်းဆောင်ရွက်နေကြောင်းသိရသည်။

ဇော်နိုင်(သန်လျင်)S.H
ရှုထောင့်သတင်းစုံဂျာနယ်

Leave a Reply

Your email address will not be published. Required fields are marked *