အုတ်တွင်းမြို့မှာ ပင်စင်လစာထုတ်ရန်လာသူနှစ်ဦး ကားကြိ တ်ခံရကာ ပွဲချင်း…

အုတ်တွင်းမြို့နယ်အတွင်းရှိ ရန်ကုန်-မန္တလေးလမ်းဟောင်းမှာ ပင်စင်လစာထုတ်ရန် ဆိုင်ကယ်စီးလာသူနှစ်ဦး ကားကြိတ်ခံရကာ ပွဲချင်းပြီးသေဆုံးမှုဖြစ်ပွားခဲ့တယ်လို့
ရင်ခုန်သံ ရှင်ရေးကူညီမှုအသင်း(အုတ်တွင်းမြို့)ရဲ့ သတင်းများအရ သိရပါတယ်။
အဆိုပါဖြစ်စဉ်မှာ ယနေ့ နိုဝင်ဘာလ ၂၃ရက်နေ့ နံနက် ၈နာရီခွဲဝန်းကျင်ခန့်က အုတ်တွင်းမြို့ရှိ ရန်ကုန်-မန္တလေး လမ်းဟောင်းပေါ်မှာ
မော်တော်ဆိုင်ကယ်စီးနင်းလာသူနှစ်ဦးကို Faw ကားတစ်စီးက တက်ကြိတ်မှုဖြစ်ပွားခဲ့တာဖြစ်ပါတယ်။
ဖြစ်စဉ်ကြောင့် နေရာမှာတင် ပွဲချင်းပြီးသေဆုံးသွားသော ဆိုင်ကယ်စီးနင်းလာသူနှစ်ဦးမှာ ဘုရားလေးကျေးရွာမှ ဦးတင်လှဆိုသူက ပင်စင်လစာထုတ်ယူရန်
အုတ်တွင်းမြို့သို့ ဦးကျင်ထူးမောင်းနှင်လာသော ဆိုင်ကယ်ကယ်ရီဖြင့် လာရောက်ခဲ့တာဖြစ်တယ်လို့ သိရပါတယ်။
ထိုနှစ်ဦး မောင်းနှင်စီးနင်းလာစဉ် ရန်ကုန်-မန္တလေး လမ်းဟောင်းပေါ်ရှိ Patrol-K ဆီဆိုင်ရှေ့မှာ အနောက်မှ
Faw ကား တက်ကြိတ်မိပြီး နေရာမှာတင် နှစ်ဦးလုံး ပွဲချင်းပြီးသေဆုံးခဲ့တယ်လို့ သိရပါတယ်။
သေဆုံးသူနှစ်ဦးရဲ့ ရုပ်အလောင်းတွေကို ရင်ခုန်သံ ရှင်ရေးကူညီမှုအသင်း(အုတ်တွင်းမြို့)က အုတ်တွင်းမြို့ဆေးရုံရှိ ရင်ခွဲရုံသို့ ပို့ဆောင်ပေးခဲ့တယ်လို့ သတင်းထုတ်ပြန်ချက်မှာ ဖော်ပြထားတာဖြစ်ပါတယ်။
Myanmar Platform