ကလေးငယ်တစ်ဦး ဆော့ကစားရင်း ချော်လဲလို့ မျ က်လုံးထဲ အကင်တု တ် စို က်ဝင်

ရှမ်းမြောက် မူဆယ်မြို့မှာ မနေ့မနက်ပိုင်းက တရုတ်ကျောင်းမှ ကလေးတစ်ဦး ဆော့ကစားရင်း ချော်လဲလို့
မျက်လုံးထဲ အကင်တုတ် စိုက်ဝင်သွားကြောင်း ကူညီပေးနေသူတွေဆီက သိရပါတယ်။
“သူတို့ကျောင်းမှာဖြစ်တာ။ တရုတ် စာသင်ကျောင်း ၈ နှစ် ၉ နှစ်လောက်ဖြစ်မယ်။ သူတို့ဘာသာဖြစ်တာ။ သူ့ဟာသူ ချော်လဲတာတဲ့” လို့
အကူအညီပေးခဲ့တဲ့ နှလုံးလှ ပရဟိတလူမှုကူညီရေးအသင်းမှ တာဝန်ရှိသူတစ်ဦးက ပြောပါတယ်။
ကလေးငယ်ဟာ အသားကြော် တုတ်ချွန်ထိုးစားရင်း ဆော့ရင်းနဲ့ ချော်လဲကာ တုတ်ချွန်က မျက်စိထိုးမိသွားတာဖြစ်ကြောင်းနဲ့ ကလေးမိဘတွေ သတိထားသင့်ကြောင်း ဒေသခံတစ်ဦးကလည်း ပြောပါတယ်။
“တရုတ်ကျောင်းမှာ အကင်စားရင်း သူငယ်ချင်းနဲ့ စနောက်ကြရင်း မတော်တဆ အကင်တုတ်က မျက်စိ ထိုးဝင်သွားတာ” လို့ သူက ဆက်ပြောပါတယ်။
မျက်လုံး ထိုးမိသွားတဲ့ ကလေးကိုတော့ နှလုံးလှ လူမှုကူညီရေးအသင်းက မူဆယ်မှ လားရှိုးသို့ ကူညီပို့ဆောင်ပေးခဲ့ကြောင်း သိရပါတယ်။
လက်ရှိမှာတော့ အဲဒီကလေးကို လားရှိုး ဆေးရုံမှာ မနိုင်လို့ မန္တလေးဆေးရုံအထိ သွားရောက် ကုသရတယ်လို့ ဆိုပါတယ်။