ကားအဝင်အထွက်ကိစ္စ စကားများရာမှဓာ းနှင့်ထို းခံရလို့ဆေးရုံ…

ကားအဝင်အထွက်ကိစ္စ စကားများရာမှဓာ းနှင့်ထို းခံရလို့ဆေးရုံ…
အမှုဖြစ်စဥ်မှာ ၁၂..၁၁..၂၀၂၂ရက်နံနက်၉နာရီ၁၀မိနစ်အချိန်ခန့်တွင် မသန့်သန့်သူ၊ (၄၀)နှစ်၊ နိုင်ငံခြားဘာသာသင်၊အမှတ်(၉၃၀)၊ ဘုမ္မာ(၁၆)လမ်း၊ (ည)ရပ်ကွက်၊
မြောက်ဥက္ကလာပမြို့နယ်နေသူက၎င်း သည် နေအိမ်တွင်ရှိနေစဉ် ခင်ပွန်းဖြစ်သူ ဦးဇော်မင်းဦး၊ (၄၁)နှစ်၊ မန်နေဂျာ(မော်တော်ယာဉ် ဌာန) MEC MYANMAR CONSUMER ENTERPRISE LTD (လိပ်စာတူနေသူသည် သာကေတမြို့နယ်၊
စက်မှုလက်မှုရပ်ကွက်၊ ရန်နိုင်ဆွေ(၂)လမ်းအမှတ်(၄၂)ကုမ္ပဏီ ရှေ့ရှိ ရန်နိုင်ဆွေလမ်းမပေါ်တွင် ဓားထိုးခံရ၍ ဒဏ်ရာများဖြင့် ဆေးရုံသို့ပို့ဆောင်ထားကြောင်း ကုမ္ပဏီယာဉ်မောင်း နိုင်းနိုင်းမှ လာရောက်ခေါ်သဖြင့် လိုက်ပါသွားခဲ့ရာ ခင်ပွန်းဖြစ်သူမှာ ယာဘက်ရင်အုံထိုးသွင်းဒဏ်ရာ(၁)ချက်၊
ယာဘက်ရင်အောက်ထိုးသွင်းဒဏ်ရာ(၁)ချက်၊ ယာဘက် ဝမ်းဗိုက်ပြတ်ရှဒဏ်ရာ(၁)ချက်၊ ယာဘက်လက်ကောက်ဝတ်ပြတ်ရှဒဏ်ရာ(၁)ချက်၊ ယာဘက် လက်ဖျံပြတ်ရှဒဏ်ရာ(၁)ချက်၊ ယာဘက်ဂျိုင်းအောက်ပြတ်ရှဒဏ်ရာ(၂)ချက်၊ ဝဲလက်ဖျံပြတ်ရှ ဒဏ်ရာ(၂)ချက်တို့ဖြင့် တွေ့ရှိရကြောင်းသိရသည်။
မေးမြန်းရာ ကားအဝင်/အထွက် ကိစ္စနှင့်စကားများရာမှ ကုမ္ပဏီတွင် အတူအလုပ်လုပ်ကိုင်သူ ရဲလင်းအောင် (ခ)ရဲလေး၊ (၃၆)နှစ်၊ ယာဉ်မောင်း၊ MEC MYANMAR CONSUMER ENTERPRISE LTD ၊ အမှတ်(၂၅၁)၊ နဝရတ်(၆)လမ်း၊ (၈)ရပ်ကွက်၊
သာကေတမြို့နယ်နေသူမှ ဓားဖြင့်ထိုး၍ ဒဏ်ရာများရရှိခဲ့ခြင်းဖြစ်သည်ကို ပြောပြသိရှိခဲ့ရကြောင်း၊ဇော်မင်းဦးမှာ သင်္ဃန်းကျွန်းပြည်သူ့ဆေးရုံတွင်အတွင်းလူနာ (စိုးရိမ်ရ)ဖြင့် တက်ရောက် ဆေးကုမှုခံယူလျက်ရှိသဖြင့်
ဦးဇော်မင်းဦးအား နာကျင်ဒဏ်ရာရရှိ အောင် ဓားဖြင့်ထိုးသူ ရဲလင်းအောင်(ခ)ရဲလေးအား အရေးယူပေးပါရန်တရားလို ပြုလုပ် တိုင်တန်းခဲ့ရာသာကေတမြို့မရဲစခန်း (ပ)၃၂၀/၂ဝ၂၂၊ ရာဇသတ်ကြီးပုဒ်မ ၃၂၆ ဖြင့်အမှုဖွင့်ပြီးအမှုစစ်ကဖမ်းဆီးရမိရေး စုံစမ်းဆောင်ရွက်လျက်ရှိကြောင်းသိရသည်။
ဇော်နိုင်(သန်လျင်)S.H
ရှုထောင့်သတင်းစုံဂျာနယ်