မန္တလေးကျောက်မျက်ရုံးမှာ ရွှေလာဝယ်တဲ့အမျိုးသမီး တစ်ဦးထံက ငွေကျပ် ၁၈၂သိန်းပါကျောပိုးအိတ်…

နိုဝင်ဘာ ၂၄
မန္တလေးမြို့ရှိ မြန်မာ့ကျောက်မျက်ရတနာရောင်းဝယ်ရေးလုပ်ငန်း(MEG)ရုံးခွဲမှာ အမျိုးသမီးတစ်ဦးထံက
ငွေကျပ် ၁၈၂သိန်းထည့်ထားတဲ့ ကျောပိုးအိတ် ယူဆောင်ထွက်ပြေးမှုဖြစ်ပွားခဲ့တယ်လို့ သိရပါတယ်။
အဆိုပါဖြစ်စဉ်မှာ နိုဝင်ဘာလ ၁၄ရက်နေ့က မန္တလေးရှိ MEG ရုံးမှာ အစိုးရရွှေဝယ်ယူရန် လာရောက်သည့် မအေးမြတ်မွန်ထံက
အမည်မသိအမျိုးသားတစ်ဦးက ငွေကျပ် ၁၈၂သိန်းပါ ကျောပိုးအိတ်ကို ယူဆောင်သွားခဲ့တာဖြစ်ပါတယ်။
ပုံစာ – ငွေကျပ် ၁၈၂သိန်းပါ ကျောပိုးအိတ်ခဲရောင်အား ယူဆောင်သွားသည့်အမျိုးသားကို စီစီတီဗွီမှ တွေ့ရစဉ်။
Myanmar Platform