မိန်းခလေးများအတွက်မှဲ့အဟော…

မိန်းခလေးများအတွက် ဗိုက်မှာရှိတဲ့မှဲ့တွေဟာ ..အများအားဖြင့်..နာမည်ဂုဏ်သတင်းထင်ရှားကျော်ကြားတတ်ကြပါတယ် ။

အလှအပဆိုင်ရာ ပစ္စည်းတွေ အကျိုးပေးတတ်က ပြီး အနုပညာအလုပ်နဲ့ အကျိုးပေးတဲ့သူမျိုးဖြစ်ပြီး နာမည်ဂုဏ်သတင်းကြီးသော အပြိုင်အဆိုင် အတိုက် အခိုက်ခံရသော ဝေဖန်ကဲရဲ့ခံရသော အခါမျိုးတွေရှိသလို မျက်နှာပွင့်လမ်းကာ လူတိုင်းရဲ့ကြားရေပန်းစားကာ လူတွေရဲ့ ​ချစ်ခင်အားကျခံရသောသူများ လည်းဖြစ်တတ်ပါတယ်..။

ဘဝမှာ မီးစက တစ်ဖက် ရေမှုတ်တစ်ဖက် နဲ့ ကူးခတ်နေရတဲ့သူမျိုးတွေလည်းဖြစ်ပါလိမ့်မယ်။ ဘဝမှာ ချမ်းချမ်းသာ သာပြည့်ပြည့်စုံစုံနဲ့ မိဘများကမွေးဖွားလာသူများဖြစ်တတ်ကြသလို ဘဝကို မိမိကိုတိုင်လည်းကြီးပွားချမ်းသာမှုရရှိတတ်ပါတယ်။

ဘဝတွင် စည်းစိမ်ဥစ္စာရှာဖွေရအလွယ်ကူသူများ ဖြစ်တတ်ကြပါတယ်။ ဆင်းရဲသူများဖြစ်ခဲ့ရင်တောင် နိမ့်ကျတဲ့ဘဝကိုကြာကြာမနေရပါဘဲ တချိန်ချိန်မှာ အောင်မြင်မှုရရှိပါလိမ့်မယ်။

သို့သော် ထိုသူများ လွန်စွာကောင်းကောင်းမာသောသူများဖြစ်ကြပါတယ်။ မိမိယုံကြည်ရာကို နောက်မဆုတ်ဘဲ လုပ်တတ်ကြပါတယ်။

ပတ်ဝန်းကျင်ကိုလည်း ဂရုစိုက်အလေးထားသူမျိုးမဟုတ်ဘဲ မိမိ ရည်မှန်းချက် ဘဝပုံစံကိုဘဲအကောင်အထည်ဖော်တတ်ကြပါတယ်..။ ထိုသူများဟာ ကိုယ်တိုင် ​ကြိုးစားသလောက်လည်းအရာထင်အဆင်ပြေလေတော့ မာန လည်းအရမ်းကြီးတတ်သူများဖြစ်ကြပါတယ် ။

ရုပ်ရည်ပိုင်းမှာလည်း ပြောစရာမလို ထင်ထင်ရှားရှား ပေါ်ပေါ်လွင်လွင် ရှိနေတတ်ပြီး အရာရှိ အရာခံကတော်၊ မင်းကတော် ၊ ဆရာကတော်ဖြစ်ရတတ်ပါတယ်။

ထိုသို့မဟုတ်ဟုတ်ခဲ့ရင်တောင် ကိုယ်တိုင် အရာရှိ ၊ အရေးပါသော နိုင်ငံရဲ့ အမူထမ်း အရာထမ်းများလည်းဖြစ်တတ်ကြပါတယ်။

ထို့အပြင် နိုင်ငံတော်အဆင့်အခမ်းအနားများအထိ တတ်ရောက်ရနိုင်သော အနုပညာရှင်များလည်းဖြစ်တတ်ပါတယ်။ ထိုသို့ မည်မျှပင်ကံကောင်းစေကာမှု အချစ်ရေး အိမ်ထောင်ရေးဟာ ဝမ်းနည်းစရာဇာတ်လမ်းတွေနဲ့သာ ကြုံရတတ်ပါတယ် ။

စည်စိမ်ဥစ္စာမည်သို့ပင် ပြည့်စုံစေကာမှူ မိမိ၏ အချစ်ရေး အိမ်ထောင်ရေးအပေါ် မိမိကိုယ်တိုင် အလိုမကျ ဖြစ်ရတတ်ပါတယ်။ အချစ်ဆုံးသူနှင့် အတူမနေရခြင်း ၊

မချစ်မနှစ်သက်သူကို လက်ထပ်ရရခြင်း ၊ ချစ်သူ အိမ်ထောင်ဘက်နှင့် တစ်နေရာစီ ခွဲခွာနေရခြင်း၊ ချစ်သူ ရည်စား အိမ်ထောင်ဘက်များ ငယ််ငယ်ရွယ်ဆုံးပါးသွားခြင်းမျိုးများလည်း ကြုံရတတ်ပါတယ် ။

ဆရာဦးဘိုနိုင် (မြန်မာ့ရိုးရာဗေဒင်)
09428121824(viber)

Leave a Reply

Your email address will not be published. Required fields are marked *