ယနေ့ နေ့လည်ပိုင်းအချိန်က ကမာရွတ်မြို့ရှိ TT Diamond စိန်ဆိုင် ဓါးပြတိုက်ခ…

နိုဝင်ဘာ ၂၄
ယနေ့ နေ့လည်ပိုင်းအချိန်က ရန်ကုန်တိုင်း၊ ကမာရွတ်မြို့နယ်အတွင်းဖွင့်လှစ်ထားတဲ့ TT Diamond စိန်ရွှေရတနာနှင့်
စက်ပန်းထိမ်လုပ်ငန်းဆိုင် ဓါးပြတိုက်ခံရတယ်လို့ ကနဦးသတင်းတွေအရ သိရပါတယ်။
ယနေ့ နိုဝင်ဘာလ ၂၄ရက်နေ့ နေ့လည် ၁နာရီဝန်းကျင်ခန့်က ကမာရွတ်မြို့နယ်၊
ဗဟိုလမ်းမရှိ ဆိုက်ကားဂိတ်မှတ်တိုင်အနီး ဖွင့်လှစ်ထားတဲ့ TT Diamond စိန်ဆိုင် ဓါးပြတိုက်ခံရတာဖြစ်ပါတယ်။
“တိုက်ခံရတယ်လို့တော့ပြောတယ်၊ စစ်ကောင်စီတပ်ဖွဲ့တွေလည်း ရောက်လာတာတွေ့တယ်၊ လူနာတင်ကားတစ်စီးကော၊
တခြားတော့သေချာမသိသေးဘူး”လို့ ရွာမကွေ့အနီးနေထိုင်သူတစ်ဦးက ပြောပါတယ်။
Myanmar Platform