သမီးအရင်းက ဖခင်ဖြစ်သူအားရို-က်နှက်ပြီး အိမ်ပေါ်မှ ဒရွတ်တိုက်ဆွဲချကာ…

ရှမ်းပြည်နယ် သီပေါမှာ သမီးအရင်းက ဖခင်ဖြစ်သူအားရိုက်နှက်ပြီး အိမ်ပေါ်မှ ဒရွတ်တိုက်ဆွဲချကာ လမ်းပေါ်၌လာရောက်စွန့်ပစ်

သီပေါမြို့မှာ သမီးအရင်းဖြစ်သူက ဖခင်ဖြစ်သူအားရိုက်နှက်ပြီး အိမ်ပေါ်မှ ဒရွတ်တိုက်ဆွဲချကာ

လမ်းမပေါ်၌ လာရောက်စွန့်ပစ်ထားခဲ့တယ်လို့ နီးစပ်သူ ပတ်ဝန်းကျင်နေ ဒေသခံအချို့ကပြောပါတယ်

ဖခင်ဖြစ်သူမှာ အသက်(၇၀)နှစ်ခန့်ရှိကာ နိုဝင်ဘာ ၁၆ ရက်နေ့က ရွာထိပ်လမ်းမပေါ်မှာ လဲကျနေပြီး

အဝတ်စားများပြန့်ကျဲကာ ဖြတ်သွားရင်း ကိုယ်တိုင်မျက်မြင်ကြုံတွေခဲ့သူ အချို့ထံက သိရပါတယ်

၎င်းမှာ သမီး(၂)ယောက်ရှိကြောင်းသိရပြီး အသိမိတ်ဆွေတစ်ချို့မှ ၎င်းတို့အားဆက်သွယ်ပြီး ဖခင်ဖြစ်သူအား လာရောက်ခေါ်ယူရန်ပြောခဲ့သော်လည်း

၎င်းတို့မှာ ဖခင်ဖြစ်သူအား မကျွေးမွေးနိုင်တော့ကြောင်း ပြန်လည်ပြောဆိုခဲ့တယ်လို့သိရပါတယ်

အခုလက်ရှိချိန် ရိုက်နှက်ခံထားရမှုကြောင့် အဖိုးဖြစ်သူမှာ မထနိုင်ပဲရှိကာ

၎င်းတို့အနီးနေထိုင်သူတစ်ဦးက သီပေါတံတားထိပ်နားရှိ တဲအိမ်တစ်ခုသို့ ပို့ဆောင်ထားပေးခဲ့ကြောင်းသိရသည်

၎င်းအဖိုးအား မေးမြန်းချက်အရ ၎င်းမှာ ဘိုးဘွားရိပ်သာမှာနေချင်ကြောင်းပြောဆိုခဲ့ပါတယ်…

ယခုလို အဖြစ်မျိုးသည် ရှမ်းမြောက်တောင်ပေါ်မြို့ဖြစ်တဲ့ သီပေါမြို့မှာ မည်သည့်အခါမှ ကြားခဲ့ဖူးခြင်းမရှိသော အဖြစ်မျိုးဖြစ်ပါတယ်…

ဓာတ်ပုံအား‼ ကာယကံရှင် အဖိုးဖြစ်သူ၏ခွင့်ပြုချက်အားတောင်းခံပြီးရိုက်ခွင့်ပေးတဲ့အတွက် ရိုက်ထားခြင်းဖြစ်ပါတယ်‼

Axsai

နောက်ဆက်တွဲသတင်းအရ အဘိုးအား ဘိုးဘွားရိပ်သာသို့ပို့ဆောင်ပေးရန် ရိပ်သာ၃ခုသို့ချိတ်ဆက်နေကြောင်းသိရ

credit to orginal

Leave a Reply

Your email address will not be published. Required fields are marked *