အရက်ဖြတ်ထားသူ စိတ်ဖောက်ပြန်ပြီး ကြိုးဆွဲ…

၁၂..၁၁..၂၀၂၂ရက်မွန်းလွဲ၁၂နာရီခွဲအချိန်ရန်ကုန်တိုင်းဒေသကြီး၊ဆိပ်ကြီးခနောင်တိုမြို့မရဲစခန်းတွင်ဒုရဲမှုး…စခန်းမှုးတာဝန်ထမ်းဆောင်နေစဥ်ဆိပ်ကြီးခနောင်တိုမြို့နယ်၊ပန်းပင်ချောင်ရပ်ကွက်၊

အုပ်ချုပ်ရေးမှုးကလူတစ်ဦးနေအိမ်တွင်ကြိုးဆွဲချသေဆုံးနေကြောင်းအကြောင်းကြားချက်အရစခန်းမှုးနှင့်တပ်ဖွဲ့ဝင်တို့သည်သက်သေလူကြီးအချို့လိုက်ပါလျက်အခင်းဖြစ်အရပ်သို့ရောက်ရှိစစ်ဆေးရာသေဆုံးသူမှာအောင်ကိုမင်း(၃၈)နှစ်၊ကျပန်း၊ဓမ္မသုခလမ်း၊ပန်းပင်ချောင်းရပ်ကွက်၊ဆိပ်ကြီးခနောင်တိုမြို့နယ်နေသူဖြစ်ကြောင်းသိရသည့်။

၎င်းသည်နေအိမ်အိပ်ခန်းအမြင့်(၇)ပေခွဲရှိထုပ်တန်းတွင်အရှည်(၆)ပေခန့်ရှိအပြာရောင်ပလစတစ်ကြိုးဖြင့်ကြိုးဆွဲချသေဆုံးနေကြောင်းစစ်ဆေးတွေ့ရှိရသောကြောင့်သေဆုံးသူ၏ဇနီးဖြစ်သူဒေါ်အေးအေးခိုင်(၄၃)နှစ်၊

ကျပန်းကိုအသေးစိပ်စစ်မေးရာသေဆုံးသူအောင်ကိုမင်းသည်နေ့စဥ်အရက်သေစာအလွန်အကျွံသောက်သုံးတတ်သူဖြစ်ကြောင်း၊အရက်ဖြတ်ထားစဥ်စိန်ဖောက်ပြန်ကာမိမိကိုယ်ကိုမိမိကြိုးဆွဲချသေဆုံးနေသည်ကိုတွေ့ရသဖြင့်ပါတ်ဝန်းကျင်နှင့်ရပ်ကွက်အုပ်ချုပ်ရေးမှုးကိုအကြောင်းကြားခဲ့ကြောင်းသိရသည်။

သေဆုံးသူအောင်ကိုမင်းတွင်ပြင်ပဒဏ်ရာတစ်စုံ တစ်ရာမတွေ့ရှိရပဲလည်ပင်းတွင်ကြိုးဒဏ်ရာနှင့်ဖုယောင်ညိုမဲဒဏ်ရာ၊ကျားအဂ်ါသုတ်ထွက်၊ဝဲယာလက်နှစ်ဘက်ဆုပ်လျက်သေဆုံးနေသည်ကိုတွေ့ရှိရသဖြင့်အလောင်းအားပြည်သူ့ဆေးရုံကြီးသို့ပို့ဆောင်ရာဆေးရုံကြီးမှ

PR13အရလက်ခံစစ်ဆေးပြီးဓမ္မတာအတိုင်းသေဆုံးခြင်းဟုတ်မဟုတ်စစ်ဆေးနိုင်ပါရန်တရားလိုပြုလုပ်အမှုဖွင့်လှစ်ခဲ့ရာဆိပ်ကြီးခနောင်တိုမြို့မရဲစခန်းသေမှုသေခင်းအမှတ်စဥ်(၁၀/၂၀၂၂)အရအမှုရေးဖွင့်ကာလက်ခံစစ်ဆေးလျက်ရှိကြောင်းသိရသည်။

ဇော်နိုင်(သန်လျင်)S.H
ရှုထောင့်သတင်းစုံဂျာနယ်

Leave a Reply

Your email address will not be published. Required fields are marked *