အရှိန်မထိမ်းနိုင်ဘဲ ကားကိုဝင်တို က်မိသောဆိုင်ကယ်မောင်းသူ ေ သ…

အမှုဖြစ်စဥ်မှာ ၁၆.၁၁.၂၀၂၂ရက်ညနေ၄နာရီခွဲအချိန်ဒုရဲအုပ်…. ( ကော့မှူးမြို့ နယ်)သည် ကော့မှူးမြို့ နယ် ယာဉ်ထိန်းရုံးတွင် ခေတ္တတပ်ဖွဲ့မှူး တာဝန် ထမ်းဆောင်နေစဉ် ကော့မှူးမြို့နယ်၊
ဆင်ခြံကျေးရွာအနီးတွင် ယာဉ်တိုက်မှုဖြစ်ပွားကြောင်း သတင်းအရ သက်သေများနှင့်အတူ သွားရောက်ခဲ့ရာ ကော့မှူးမြို့ နယ်ဘက်မှ တွံတားမြို့နယ် ဘက် တောင်မှ မြောက်သို့ သူရိန်လင်း (၁၅)နှစ်၊ ကျောင်းသား၊ ဆင်ခြံကျေးရွာ၊
ကော့မှူးမြို့ နယ်နေသူ မောင်းနှင်လာသည့် ၅၁ယ…. နံပါတ်ပါ CANDA AIL အမျိုးအစား အနက်ရောင်ဘေးတွဲပါ ဆိုင်ကယ်သည် ကော့မှူးမြို့နယ်ကော့မှူး-တွံတေးကားလမ်း မိုင်တိုင်အမှတ် (၁၁/ဝနှင့် ၁၁/၁) အကြားအရောက်တွင် အရှိန်မထိန်းနိုင်ဘဲ တစ်ဖက်ယာဉ်ကြောသို့ ရောက်ရှိ ပြီး တွံတေး-ကော့မှူးကားလမ်းမအတိုင်း မြောက်တောင်သို့ ဦးဝင်းနိုင်၊ (၃၄)နှစ်၊ ယာဉ်မောင်း၊
အုန်းပင်ကျေးရွာ၊ ဒေးဒရဲမြို့ နယ်၊ ဧရာဝတီတိုင်းဒေသကြီးသူ မောင်းနှင်လာသည့် YGN 3J.-……. နံပါတ်ပါ HYUNDAI ဖြူပတ်ခရီးသည်တင်ယာဉ် ယာဉ်မောင်းလိုင်စင်ပါ ယာဉ်လိုင်စင် စိစစ်ဆဲ)၏ ယာဘက်ခေါင်းခြမ်းအား မျက်နှာချင်းဆိုင် တိုက်မိခဲ့
ကြောင်းသိရသည်။
၅၁ယ/….. နံပါတ်ပါ CANDA 110 အမျိုးအစား အနက်ရောင်ဘေးတွဲပါ ဆိုင်ကယ်မှာ ခေါင်းခြမ်းရှိ ကာဘာများ ကွဲကြေ တန်ဖိုး(၆၀၀၀၀)ကျပ်ခန့်နှင့် YGN 3J-…. နံပါတ်ပ HUNDAI ဖြူပတ်ခရီးသည်တင်ယာဉ်မှာ ယာဘက်ခြမ်းမီးခွက်ကွဲ ဘော်ဒီပိန်ချိုင့်တန်ဖိုး (၁၀၀၀၀၀)ကျပ်ခန့်၊
စုစုပေါင်းတန်ဖိုး (၁၆၀၀၀၀)ကျပ်ခန့် ပျက်စီးဆုံးရှုံးကာ သူရိန်လင်းမှာ ဆိုင်ကယ်ပေါ်မှ ကတ္တရာလမ်းပေါ်သို့ လွင့်စင်ကျသွားပြီး ယာဘက်လက်မောင်းဖူးရောင် ဒဏ်ရာ၊ နဖူးရောင်ဒဏ်ရာ၊
နှာခေါင်းသွေးထွက်၊ ဝဲမျက်ခုံးပေါ်ပေါက်ပြာက်ရာကို ရရှိခဲ့၍ ကော့မှူးမြို့ နယ်ပြည်သူဆေးရုံသို့ ပို့ဆောင်စဉ် ဆေးရုံမရောက်မီ လမ်းခုလတ်တွင် သေးဆုံးသွားကြောင်းသိရသည်။
ယာဥ်များ ပျက်စီးစေပြီးလူသေဆုံးသည်အထိပေါ့ဆစွာမောင်းနှင်ခဲ့သူ သူရိန်လင်း အား အရေးယူပေးပါရန်တရားလိုပြုလုပ် တိုင်တန်းခဲ့ရာကော့မှုးမြို့မရဲစခန်းယာဥ်(ပ)၁၈/၂၀၂၂ရာဇသတ်ကြီးပုဒ်မ၃၀၄.ကအရအမှုရေးဖွင့်ကာအမှုစစ်ကဆက်လက်အရေးယူဆောင်ရွက်လျက်ရှိကြောင်းသိရသည်။
ဇော်နိုင်(သန်လျင်)S.H
ရှုထောင့်သတင်းစုံဂျာနယ်