BreakingNews ယုန်လေး ဖုန်းဆိုင် ဒွမ်…😂

ရှမ်းပြည်နယ် တောင်ပိုင်း၊ တောင်ကြီးမြို့ရှိ ဖုန်းဆိုင်တစ်ဆိုင်မှာ နိုဝင်ဘာလ ၂၃ ရက်၊ ညနေပိုင်းက ဖုန်းဝယ်ဟန်ဆောင်ပြီး လုယက် ထွက်ပြေးမှု ဖြစ်ပွားခဲ့တယ်လို့ နီးစပ်သူတွေထံက သိရပါတယ်။

တောင်ကြီးမြို့၊ လမ်းမတော်ရပ်ကွက်၊ ဘုရင့်နောင်လမ်းရှိ ယုန်လေးဖုန်းဆိုင်ကို လူငယ် ၂ ဦး လာရောက်ကာ တစ်ဦးက ဆိုင်ကယ်ပေါ်မှာ စောင့်နေပြီး တစ်ဦးက ဖုန်းဝယ်ဟန်ဆောင်ကာ လုယက် ထွက်‌ပြေးသွားတယ်လို့ ဆိုပါတယ်။

“သူ့ယောကျ်ားက ကလေးကျောင်း သွားကြိုနေတာ။ အမျိုးသမီး တစ်ယောက်ထဲ ရှိနေတုန်း Mask တပ်ထားသူ ၂ ယောက် ရောက်လာတယ်။ တစ်‌ယောက်က ဆိုင်ကယ်စက်နှိုးပြီး အသင့်စောင့်နေတယ်။ တစ်‌ယောက်က ဝယ်မလိုလိုနဲ့ လုပြေးသွားတာ” လို့ နီးစပ်သူတစ်က ပြောပါတယ်။

အဲဒီ ဖြစ်စဉ်မှာ Redmi Note 10 5G အမျိုးအစား အပြာရောင်ဖုန်း တစ်လုံး လုယက်ခံလိုက်ရပြီး တောင်ကြီးက တပတ်ရစ် ဖုန်းဆိုင်တွေကို လာရောက် ရောင်းချပါက ဆက်သွယ်ပေးဖို့ ယုန်လေးဖုန်းဆိုင်က မေတ္တာရပ်ခံ ထားပါတယ်။

တောင်ကြီးမြို့မှာ ဆိုင်ကယ်ခိုးယူ လုယက်ခံရမှု၊ လုယက်ဓားပြတိုက်မှု၊ ဖောက်ထွင်းခိုးယူခံရ‌မှုတွေ ဆက်တိုက် ဖြစ်ပွားနေပေမယ့် စစ်တပ်နဲ့ ရဲက အရေးမယူတာကြောင့် ကိုယ့်လုံခြုံရေးကို ကိုယ်တိုင်သာ အားကိုး နေရတယ်လို့ ဒေသခံတွေ‌က ဝေဖန်နေကြပါတယ်။

Credit

Leave a Reply

Your email address will not be published. Required fields are marked *