ကားကဘေးတွဲဆိုင်ကယ်ကိုကျော်တက်စဥ်ပွတ်တိုက်မှုဖြစ်ပြီးကားမောင်းသူတိမ်း…

ကားကဘေးတွဲဆိုင်ကယ်ကိုကျော်တက်စဥ်ပွတ်တိုက်မှုဖြစ်ပြီးကားမောင်းသူတိမ်း…

အမှုဖြစ်စဥ်မှာ ၁၈.၁၁.၂၀၂၂ရက်ညနေ၃နာရီခွဲ
အချိန်ရန်ကုန်တိုင်းဒေသကြီး၊သန်လျင်ခရိုင်၊
ယာဥ်ထိန်းရဲတပ်ဖွဲ့စု(၅၉)သန်လျင်မြို့နယ်မှရဲအုပ်ကျော်ဇေယျက၎င်းသည် ယာဉ်မှုစစ်တာဝန် ဆောင်ရွက်နေစဉ် သန်လျင်မြို့ နယ်၊ ဘုရားကုန်း ကျေးရွာ၊

ဖားအောက်တောရဘုန်းကြီးကျောင်းအရှေ့တွင် ယာဉ်တိုက်မှုဖြစ်ပွားကြောင်း သတင်း အရ ရဲအုပ်ကျော်ဇေယျသည် ယာဥ်ထိန်းရဲတပ်ဖွဲ့စု(၅၉)မှ ရဲတပ်ကြပ် ကြီးအောင်ကျော်မိုး၊ သက်သေ ဦးကျော်လွင်၊ ဦးသန်းဇော်လင်း တို့နှင့်အတူသွားရောက်ခဲ့ရာ သန်လျင်-သီလဝါလမ်းမကြီး အတိုင်း (အရှေ့မှ အနောက်) ဘုရားကုန်းကျေးရွာဘက်မှ ရေကြောင်းလမ်းဆုံဘက်သို့ ဝင်းထွန်းအောင်၊

(၃၃)နှစ်၊ အမှတ်(၁)၊ ဗဟို(၁၃)လမ်း၊ အေးသာယာရပ်ကွက်၊ သန်လျင်မြို့နယ်နေသူ မောင်းနှင်လာသော BGO 3Q-….. FORLAND DUMP TRUCK အမျိုးအစား၊ အဖြူရောင်(အငှား)ယာဉ်သည် သန်လျင်မြို့နယ်၊

ဘုရားကုန်း ကျေးရွာ၊ ဖားအောက်တောရဘုန်းကြီးကျောင်း အရှေ့အရောက် လားရာတူရှေ့တွင် ဦးတင်လှိုင် စီးနင်းမောင်းနှင်ပြီး ကိုမိုးကျော်နှင့် ကိုဇော်နိုင်တို့(၂)ဦးလိုက်ပါစီးနင်းလာသော YGN 8IW- … Haojue-110 အမျိုးအစား၊

အနီရောင်(ဘေးတွဲ)ဆိုင်ကယ်အား ကျော်တက် မောင်းနှင်စဉ် ပွတ်တိုက်မိကြောင်းသိရသည်။ယာဉ်မောင်း ဝင်းထွန်းအောင်မှာ ယာဉ်အားထားခဲ့ပြီး အခင်းဖြစ်နေရာမှ ထွက်ပြေးတိမ်းရှောင်သွားခဲ့ပြီးယာဉ်တိုက်မှုကြောင့် YGN 81W-….. Haojue-110 အမျိုးအစား၊ အနီရောင် (ဘေးတွဲ)ဆိုင်ကယ်မောင်းနှင်သူ ဦးတင်လှိုင်၊ (၅၁)နှစ်၊ ရောင်း/ဝယ်၊အမှတ်(၆)၊ ဦးဖိုးသိန်း (၁)လမ်း၊

မြို့ဟောင်းအရှေ့ရပ်ကွက်သန်လျင်မြို့နယ်နေသူတွင် ဦးခေါင်း ဝဲဘက်ချိုစောင်းပွန်း၊ နဖူးပွန်း၊ ဝဲဘက်ခြေကျင်းပွန်းဒဏ်ရာ၊ ပြင်ပလူနာ(မစိုးရိမ်ရ)ဖြင့် လည်း ကောင်း၊ YGN 81W-…. Haojue-110 အမျိုးအစား၊

အနီရောင်(ဘေးတွဲ)ဆိုင်ကယ်တွင် လိုက်ပါစီးနင်းလာသူများဖြစ်သည့် ကိုမိုးကျော်၊(၃၀)နှစ်၊ ရောင်း/ဝယ်၊ အမှတ်(၉)၊ ဇီးကုန်း(၅)လမ်း၊ မြို့ဟောင်းအရှေ့ရပ်ကွက်၊ သန်လျင်မြို့ နယ်နေသူတွင် ဦးခေါင်း နောက်စေ့ဖူးရောင်ပေါက်ပြဲဒဏ်ရာ၊

အတွင်းလူနာ(စိုးရိမ်ရ)ဖြင့်လည်းကောင်း၊ ကိုဇော်နိုင်၊ (၃၇)နှစ်၊ ကယ်ရီမောင်း၊အမှတ်(၁၈)၊ သောက်တော်တွင်းလမ်း၊ မြို့ဟောင်းအရှေ့ရပ်ကွက်၊ သန်လျင်မြို့နယ်နေသူတွင် ယာဘက်တံတောင်ပွန်း၊

ယာဘက်ဒူး ပွန်းဒဏ်ရာ၊ ပြင်ပလူနာ(မစိုးရိမ်ရ)ဖြင့်လည်းကောင်း၊ သန်လျင်ပြည်သူ့ဆေးရုံကြီးတွင် ဆေးဝါး ကုသမှုခံယူခဲ့ရကြောင်းနှင့်ဒဏ်ရာရရှိသူမိုးကျော်မှာရန်ကုန်ပြည်သူ့ဆေးရုံကြီးသို့လွဲပြောင်းကုသမှုခံယူနေစဥ်သေဆုံးသွားကြောင်းသိရသည်။

ယာဉ်နှင့်ဆိုင်ကယ်ဘေးတွဲတိုက်မှုကြောင့် ဝင်းထွန်းအောင် မောင်းနှင်လာ သော BGO 3Q-….. FORLAND DUMP TRUCK အမျိုးအစား၊ အဖြူရောင်(အငှား)ယာဉ်တွင် ယာဘက်ဦးခေါင်းပိန်ချိုင့်၊

ယာဘက်အရှေ့မီးသီးကွဲကြေသွားသဖြင့် ကာလတန်ဖိုး (၃)သိန်းကျပ်ခန့်နှင့် ဦးတင်လှိုင်မောင်းနှင်သော YGN 81W …..အနီရောင်(ဘေးတွဲ)ဆိုင်ကယ်တွင် ဝဲဘက်ဖူးကာကွဲ၊ အရှေ့မီးသီးကို အဆီဖုန်းကို အရှေ့စီး ငွေလိမ်သွားပြီး ကာလတန်ဖိုး (၂)သိန်းကျပ်ခန့်၊

ယဉ်နှင့်ဆိုင်းနယ်(၂)စီး၏ သူပေါင်း တန်ဖိုးငွေ(၅)သိန်းကျပ်ခန့် ဆုံးရှုံးပျက်စီးသွားခဲ့သဖြင့် ယာဉ်အားပေါ့ဆစွာမောင်းနှင်လာပြီး လားရာတူရှေ့ရှိ ဆိုင်ကယ်ဘေးတွဲအားကျော်တက်မောင်းနှင်းကာပွတ်တိုက် မိပြီး ယာဉ်နှင့်ဆိုင်ကယ်ပျက်စီးကာလူအားဒဏ်ရာရရှိစေသူ ယာဉ်မောင်းဝင်းထွန်းအောင်အာအရေးယူပေးပါရန်တရားလိုပြုလုပ် ကိုင်တန်းခဲ့ရာသန်လျင်မြို့မရဲစခန်းယာဉ်(ပ) ၁၉/၂၀၂၂၊

ရာဇသတ်ကြီးပုဒ်မ၃၀၄.က/ ၃၃၈/၃၃၇/၂၇၉/၂၀၂ဖြင့်အမှုဖွင့်ကာအမှုစစ်မှဖမ်းဆီးရမိရေး စုံစမ်းဆောင်ရွက်လျက်ရှိကြောင်းသိရသည်။

ဇော်နိုင်(သန်လျင်)S.H
ရှုထောင့်သတင်းစုံဂျာနယ်

Leave a Reply

Your email address will not be published. Required fields are marked *